ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Apr 23, 2026
မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး (စာပေဗိမာန်) က ပထမအကြိမ် ထုတ်ဝေခဲ့သည့် ၁၉၀၀ ပြည့်နှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ နှစ်ငါးဆယ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်မှုများကို ယနေ့ခေတ်ပြည်သူလူထု သိရှိလေ့လာနိုင်ရန်နှင့် ဗဟုသုတဖြစ်စေရန်အတွက်
Apr 10, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၆)၌ မိမိဘဝကို ကျေနပ်နေမိသော ပျော်တော်ဆက် ပူဖောင်းလေးအကြောင်း သရုပ်ဖော်ထားသည့် “ပျော်တော်ဆက် ပူဖောင်းလေး” မျက်နှာဖုံးကာတွန်း၊ ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ စကားအရာတွင် ကျွမ်းကျင်ပုံကို သရုပ်ဖော်ထားသည့် “မြန်မာပညာရှိအမတ်ကြီး ဦးပေါ်ဦး- ကြောက်ပါတယ်” နှစ်မျက်နှာကာတွန်း၊ နှစ်သစ်တွင် တစ်နှစ်ထက် တစ်နှစ် ပိုတော်၊ ပိုကောင်းအောင်နှင့်
Apr 10, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၅)၌ စတုဒိသာအလှူမဏ္ဍပ်တွင် ရန်ဖြစ်၍ ပြစ်ဒဏ်အနေဖြင့် ပန်းကန်ဆေး ခဲ့ရသော မှုံကြီးတို့ သူငယ်ချင်းတစ်စုအကြောင်းကို သရုပ်ဖော်ထားသည့် “ကုသိုလ် လည်းရ ဝမ်းလည်းဝ” မျက်နှာဖုံးကာတွန်း၊   သင်္ကြန်ကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ပါး ကို ရေမပက်လိုက်ရ၍ မိမိကိုယ်မိမိ ရေလောင်းချိုးလိုက်သော လင်းသုတအကြောင်းကို သရုပ်ဖော် ထားသည့် “လင်းသုတနဲ့ သင်္ကြန်”

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ