ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 03, 2023

နိုင်ငံရပ်ခြားသို့ သွားရောက်သည့် အရာထမ်း၊ အမှုထမ်းများ၏ အတွေ့အကြုံဗဟုသုတများကို ပြန်လည် တင်ပြသည့် အခမ်းအနားများ၊ လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူနှင့် ဝန်ထမ်းများကို တင်ပြရသည့် အခမ်းအနားများကို ကျင်းပရာ၌ ပရိသတ်နှင့် ထိတွေ့မှုအလေ့အကျင့် ရှိစေရေး၊ တင်ပြမှု အားကောင်းစေရေးနှင့် ဆွေးနွေးသည့် အလေ့အထများ ထွန်းကားစေရေး ရည်ရွယ်ချက်များဖြင့် စာပေဗိမာန်ရုံးမှ စာတည်းအရာထမ်းများက Powerpoint Presentation အကြို ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်ကြသည်။

Aug 02, 2023
အစည်းအဝေးတွင်၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရွေးချယ်နိုင်ရေးအတွက် ပေးပို့ယှဉ်ပြိုင် ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားရှိမှုအခြေအနေကို စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်းသိရသည်။
Jul 31, 2023
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အမိန့်ကြော်ငြာစာ

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ