ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Feb 06, 2024
MINGALAR SUMBIRI GARMENT COMPANY LIMITED Under the Insolvency Law (In Members’ Voluntary Winding-up)၊ မြန်မာဂိုးလ်ဒင်းအလဲဗင်းအင်ဗက်စမန့် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (Myanmar Golden 11 Investment International Company Limited) (Reg.114047481) (အစုရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ) Final Meeting နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊
Feb 05, 2024
အဆိုပါ စာတမ်းဖတ်ပွဲတွင် ဆရာဦးမောင်လှိုင် (အမျိုးသားစာပေဆုရ) က “မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့် ဘာသာပြန်ဆိုမှု အတတ်ပညာအကြောင်း တစေ့ တစောင်း”  ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမြေလတ်မောင်မြင့်သူ (အမျိုးသား စာပေဆုရ) က “အက်ဆေးစာပေဖွံ့ဖြိုးရေးနှင့် အက်ဆေးတစ်ပုဒ် ဖန်တီးခြင်းအနု ပညာ”   ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။
Feb 02, 2024
စာပေဗိမာန်က ဝန်ထမ်းများ မြန်မာစာပေနှင့်ပတ်သက်၍ ပိုမိုကျွမ်းကျင်ကောင်းမွန်စွာ သိလာစေရန်အတွက် စာတမ်းဖတ်ပွဲကို   ၂-၂-၂၀၂၄ (သောကြာနေ့)  နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၀၀နာရီမှ ၂:၀၀နာရီထိလည်းကောင်း    စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ