Skip to main content
Dec 25, 2021
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံက အခြားနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ကာ အင်ပါယာများ ထူထောင်ခဲ့ကြသည်။ အင်ပါယာပြည့်ရှင်နိုင်ငံက လက်အောက်ခံနိုင်ငံများထံမှ သယံဇာတ၊ စီးပွားရေးအကျိုးအမြတ်နှင့် ကြွယ်ဝချမ်းသာမှုတို့ကိုပါ ရယူခံစားကြပြီး ၎င်းတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို လက်အောက်ခံနိုင်ငံများသို့ ဖြန့်ချိခဲ့ကြသည်။ လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မည့်အချိန်တွင်မူ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြကာ နိုင်ငံနယ်နိမိတ်များကို ပြင်ဆင်ခြင်း၊ ခွဲစိတ်ခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် အင်အား ချည့်နဲ့အောင် ပြုလုပ်ခဲ့ကြသည်။
Dec 23, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန် စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Dec 23, 2021
“ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဟူ၍ ပညာပေးလှုံ့ဆော်လျက်ရှိရာ နေ့စဉ်ပုံမှန် အားကစားလှုပ်ရှားမှုတစ်ခုခုကို အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ခြင်း အားဖြင့် အကျိုးရလဒ် ကြီးမားစွာ ရရှိနိုင်ကြစေရန်ပင်ဖြစ်သည်။ တစ်နေ့လျှင် နာရီဝက်နှုန်းဖြင့် တစ်ပတ်လျှင် ငါးရက် ချွေးထွက်မောပန်းပြီး နှလုံးခုန်နှုန်း မြန်လာသည်အထိ အားကစားလှုပ်ရှားမှု ပြုလုပ်ကြခြင်းဖြင့် အသက်ကြီးလာချိန်တွင် ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ကာ ဇရာကို နှေးကွေးသွားစေမည် ဖြစ်သည်။
Dec 20, 2021
"လွတ်လပ်ရေးဟူသည် လွယ်လွယ်နှင့်ရသည့်အရာ မဟုတ်”ဟူ၍ လူကြီးသူမများက ဩဝါဒပေးလေ့ ရှိကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကဲ့သို့ ဗြိတိသျှကိုလိုနီဘဝဖြင့် ရာစုနှစ်နှင့် ချီ၍ ကျရောက်ခဲ့ရသည့် နိုင်ငံများမှ မျိုးဆက်သစ်များကို သတိပေးကြခြင်းဖြစ်သည်။ သူ့ကျွန်ဘဝကို မမီ၊ လွတ်လပ်ရေးကြိုးပမ်းမှုများကိုမသိ၊ လွတ်လပ်ရေး၏ တန်ဖိုးကို နားမလည်သည့်အခါ လွတ်လပ်ရေး ခိုင်မြဲရန် ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည့် တာဝန်ဝတ္တရားအပေါ် လေးနက်မှုမရှိ ဖြစ်လာတတ်သည်။
Dec 18, 2021
နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေကြသူများအား နိုင်ငံ့ဝန်ထမ်းဟု ခေါ်ဆိုကြပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အတွက် ကြိုးပမ်း ထမ်းရွက်ကြသည့် အမှုထမ်းများဖြစ်သည်။ နိုင်ငံတော်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား တို့ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်သည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း အစိုးရအဆက်ဆက် ပြောင်းသော်လည်း တိုင်းပြည်အကျိုးကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။
Dec 18, 2021
ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ လွတ်လပ်ရေး ရယူခဲ့ရာတွင် အိန္ဒိယသည် ကိုးကွယ်ရာဘာသာ အယူဝါဒကိုလိုက်၍ နိုင်ငံသုံးနိုင်ငံအဖြစ် ခွဲခြားခံ လိုက်ရသည်။ အိန္ဒိယ၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်ဟူ၍ဖြစ်ပြီး အရှေ့ပါကစ္စတန် သည် နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ် ဖြစ်လာသည်။ မြန်မာနိုင်ငံကိုလည်း ပြည်မနှင့် တောင်တန်း ဒေသများအဖြစ် ခွဲခြားခဲ့ရာတွင် မြန်မာတိုင်းရင်းသားတို့က ခွဲခြားမခံ။ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေး ရယူခဲ့သည်။ သို့ရာတွင် နယ်ချဲ့တို့၏ပရိယာယ်ကြွယ်ဝလှသော၊ ပညာပါလှသော သွေးခွဲမှုများက တိုင်းရင်းသား တို့အကြားတွင် သံသယနှင့် မယုံသင်္ကာစိတ်တို့ကို တစ်စတစ်စ ကြီးထွားစေခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် လွတ်လပ်ရေးရပြီးကာလနှင့် မျက်မှောက်ခေတ်အထိ လက်နက်ကိုင်ပဋိပက္ခတို့ကို ဖြစ်ပေါ်စေခဲ့သည်။
Dec 15, 2021
စိုးရိမ်ရသည့် ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သွားပြီဖြစ်သည်။ တောင် အာဖရိကမှစတင်ခဲ့သည့် အိုမီခရွန်သည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်ဆံသွားလာနေကြသည့် အရှေ့ဘက်နှင့် အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဆီသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်နေပြီဖြစ်သည်။
Dec 13, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုတစ်ရာကျော် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုသား အားလုံးတို့သည် နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ မရှိအတူ ရှိအတူ ချစ်ခင်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ခဲ့ကြသည်။ မျိုးနွယ်စုတစ်ခုချင်းစီ အလိုက်ဖြစ်တည်နေသော အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအား လေးစားတန်ဖိုးထား နားလည်ကြသည်။
Dec 13, 2021
ပြည်ဖျက်မီဒီယာများနှင့် မိမိတို့နိုင်ငံကို ဝင်ရောက်စွက်ဖက်လိုသော ပြည်ပနိုင်ငံအချို့မှ ပုဂ္ဂိုလ်များက မဟုတ်သည်ကို အဟုတ်လုပ်ကာ အတိုင်အဖောက်ညီညီဖြင့် မြန်မာ့ပြည်တွင်းရေးရာ များတွင် မမှန်မကန်ပြုလုပ်နေကြသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းစေရန်နှင့် မြန်မာ့တပ်မတော်ကို ဆိုးဆိုးရွားရွား အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်လာကြစေရန် ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ မြန်မာပြည်တွင်းရှိ အကြမ်းဖက်အုပ်စုများ၊ ပြည်ဖျက်မီဒီယာများနှင့် မြန်မာ့အရေးကို စွက်ဖက်လိုသူများ သုံးဦး သုံးဖလှယ် ပူးပေါင်းကြံစည် ပြုလုပ်နေကြသည့်အလားပင်ဖြစ်သည်။
Dec 08, 2021
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မရှိအတူ ရှိအတူ အေးချမ်းသာယာစွာဖြင့် နေလိုကြသည်။ အေးချမ်းစွာနေလိုသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးလှိုင်းဂယက်ရိုက်ခတ်မှု နောက်ဆက်တွဲပြဿနာများ ကြုံကြရ သည်။ ပြည်သူများမှာ စိုးရိမ်သောကများဖြင့် ကောင်းစွာမနေခဲ့ရသော ကာလများ သမိုင်းမှတ်တမ်းများ ရှိသည်။