Skip to main content
Aug 31, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက် ရှိရာ လက်ရှိအခြေအနေတွင် ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ ရှိတော့သည်ကို တွေ့ရသည်။ ဤသည်မှာ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် စီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ တက်ညီလက်ညီဆောင်ရွက်မှုကြောင့် ရရှိလာသည့်ရလဒ်ကောင်း ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် ကပ်ရောဂါဖြစ်သည့် အလျောက် နိုင်ငံပြင်ပမှ ဝင်ရောက်ကူးစက်မလာရေးနှင့် ပြည်တွင်းကူးစက်မှုများကိုလည်း သတိ၊ ဝီရိယဖြင့် မပြတ်တမ်းစောင့်ကြည့်နေရဦးမှာ ဖြစ်သည်။
Aug 29, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ယမန်နှစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကူးစက်ဖြစ်ပွားမှု၊ ထိခိုက်မှုနည်းပါးခဲ့သော်လည်း ယခုနှစ် တတိယလှိုင်းဖြစ်ပွားချိန်တွင် ရောဂါကူးစက်မှု၊ ထိခိုက်ပျက်စီးမှု မြင့်မားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မျက်ခြည်မပြတ် အရေးတယူ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စေတနာရှေ့ထား၍ ဖိဖိစီးစီးဆောင်ရွက်ပေးမှုများ ကြောင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ဟု ဆိုနိုင်ပါသည်။
Aug 29, 2021
ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါကူးစက်မှု ပထမလှိုင်းကာလ ကတည်းက သုတေသီတို့တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါ အသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည်နိုင်ရန် လေ့လာရင်း ကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက် ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။
Aug 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မတရားအသင်းသတ်မှတ်ထားသည့် CRPH နှင့် NU လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အပေါင်းပါတို့အား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။ ယခု အခါ မြို့ရွာများတွင် ခိုအောင်းနေသော အကြမ်းဖက်အဖျက်သမား သောင်းကျန်း သူများနှင့် အားပေးအားမြှောက် ပါဝင်ပတ်သက်သူများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူနေသည့် သတင်းများကို နေ့စဉ်မြင်တွေ့ကြားသိနေရသည်။
Aug 25, 2021
"ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပတ်သက်၍ ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပြည့်ပြည့်စုံစုံဖြင့် ဆောင်ရွက်ရန် လိုအပ်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရေးသည် မိမိတို့နိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကုန်သွယ်မှုနှင့် ဘတ်ဂျက် လိုငွေများရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ များပြားအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
Aug 23, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် နိုင်ငံအတွင်း စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တုံ့ဆိုင်းနှေးကွေး ရပ်တန့်ခြင်းများဖြစ်ပေါ်နေသည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်း အားပေး မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေသည်။ စိုက်ပျိုးရေးကဏ္ဍ၌ စပါးပြီးလျှင် အဓိက အားထားသည့် ပဲမျိုးစုံစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေသည်။
Aug 23, 2021
မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးအရယူရန်အတွက် နယ်ချဲ့အစိုးရလက်အောက်တွင် အလျင်အမြန်ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေတွင် အားနည်းချက်များ ပါရှိခဲ့သလို ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ တစ်ပါတီပုံစံ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ထောင်ခြင်း ဖြစ်သော်လည်း ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အပြောင်းအလဲများတွင် မအောင်မြင်ပြန် သည့်အခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာပြည်သူတို့ လိုလားလာကြသည်။
Aug 19, 2021

“စားသောက်ကုန်ပစ္စည်းများအား ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်မားလာစေရန်အတွက် ရည်ရွယ်ချက် ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ပေးကြရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထေ

Aug 19, 2021

အာဖဂန်နစ္စတန်မြေပေါ်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်စွဲခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်း ထွက်ခွာသွားချိန်၌ အာဖဂန် လူ့အဖွဲ့အစည်းမှာ ယိမ်းခါလှုပ်ရှားကျန်ရစ်ခဲ့သည်။ စစ်ရေးအင်အား အပါအဝင် ငွေကြေးအားဖြင့်လည်း ဒေါ်လာဘီလီယံများစွာ သုံးစွဲ၍ ကျားကန်လာခဲ့သည့်တိုင်အောင် အနောက်နိုင်ငံများက ဖြစ်စေလိုခဲ့သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ခိုင်ခ

Aug 17, 2021
မြန်မာနိုင်ငံသည် ရေခံမြေခံ၊ သယံဇာတ၊ သဘာဝအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံဖြစ်သည်။ စက်မှုနှင့် နည်းပညာမထွန်းကားသော်လည်း စိုက်ပျိုးထုတ်ကုန်များ အလျှံပယ်ပေါများသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ တစ်ချိန်သောအခါက မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ ထိပ်တန်းမှ တင်ပို့နိုင်သော နိုင်ငံဖြစ်၍ နိုင်ငံခြားဝင်ငွေ များစွာရရှိခဲ့သည်။