Skip to main content
Sep 23, 2021
မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံရခြင်းကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို နိုင်ငံတော်က ကုန်ကျစရိတ်ကျခံ၍ ပြန်လည် ခေါ်ယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမတွေ့ရှိရသူ သုံးဦးသည် စက်တင်ဘာ ၆ ရက် ညနေပိုင်း တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးသည် ရောဂါပြန်လည်ပျောက်ကင်း ပြီးနောက် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင်လည်းကောင်း အမိမြေသို့ ချောမောစွာ ပြန်လည်ရောက် ရှိလာခဲ့ပြီဖြစ်သည်။
Sep 22, 2021
နိုင်ငံတစ်နိုင်ငံ စားနပ်ရိက္ခာဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် မွေးမြူရေး လုပ်ငန်းသည် ဒုတိယအရေးအကြီးဆုံး ဖြစ်သည်။ နေ့စဉ် ပြည်သူများအတွက် အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာများကို ရှာဖွေရင်းနှီးမြှုပ်နှံရသည်။ ယခုအခါ လူမှုစီးပွားရေးဘဝကို ချဲ့ထွင်လာသောကြောင့် စားကျက်မြေများ ရှားပါးလာသည်။ တိရစ္ဆာန်များအတွက် အစားအစာ အခက်အခဲရှိလာသည်။ ယင်းအချက်ကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသာမက အခြားနိုင်ငံများပါ အလေးထားလာရသည်။
Sep 22, 2021
၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမကတ်မြောက်သူ ဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပြီး ပြည်နယ် များတွင် ပညာရေးနှင့် ပတ်သက်ပါက ပိုမိုအားနည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးကို အလေးပေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၈ ရက်တွင် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Sep 20, 2021
“နံနက်ခင်းစောစောစီးစီးကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရသဖြင့် လန်းဆန်းသည့် ခွန်အားမျိုးကို ညနေခင်း လက်ဖက်ရည် တစ်ခွက်မှ ထပ်မံမလုပ်ပေးနိုင်” ဟု ဆိုသကဲ့သို့ ကော်ဖီသောက်သုံးခြင်း၏ ရရှိသောအကျိုးအမျိုးမျိုးတို့ကို ညွှန်းဆိုထားကြပါသည်။ ကော်ဖီနှင့် လက်ဖက်ရည်သည် နေ့စဉ်လူမှုဘဝနယ်ပယ်တွင် မပါမဖြစ် အသုံးဝင်သောပစ္စည်းဖြစ်သည်။ နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့်အလေ့အထ ရှိနေကြပါသည်။
Sep 20, 2021
ယနေ့ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် အားစိုက်ရုန်းကန်နေရသည့် အခြေအနေဟု ဆိုရမည်ဖြစ်သည်။ ဤအဆိုသည် အပြုသဘောဖြင့်ဆောင်သည့် အမြင်ဘက်မှ အဆိုဖြစ်ပြီး မညှာစတမ်းဆိုရလျှင် အမျိုးသားစည်းလုံးညီညွတ်မှုတို့ အစည်းပြေလာလျက်ရှိသည့် အခြေအနေဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု လျော့ရဲလာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ဝက်ကာလအတွင်း ပြည်တွင်းပြည်ပ ပယောဂများ၏ ရလဒ်များက မျက်မှောက်ကာလတွင် ဆက်လက်ဖြစ်ပေါ်လာနေခြင်းပင် ဖြစ်သည်။
Sep 19, 2021

သီလဟူသည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ကောင်းမှုဖြစ်၍ကျင့် ဆောင်ရမည့်သီလသည် စာရိတ္တသီလဖြစ်ပြီး မကောင်းမှုဖြစ်၍ ရှောင်ကြဉ်ရမည့်သီလမှာ ဝါရိတ္တသီလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ကို လိုက်နာကျင့် သုံးကြသော ငါးပါးသီလသည် ရှောင်ကြဉ်ရသည့် ဝါရိတ္တသီလဖြစ်သည်။ စင်စစ်အားဖြင့် ငါးပါးသီလသည်

Sep 17, 2021
ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့က တိုက်ရိုက်အချိုးကျသည်။ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့ရှိမည် ဆိုသော်လည်း နည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှ ဆောင်ရွက်ကြရသည်။ သဘာဝပတ်ဝန်းကျင်ဟုဆိုရာတွင် သစ်ပင်သစ်တောများ၊ တောင် ကုန်းတောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်ရေတံခွန်၊ ရေအရင်းအမြစ် များ၊ သားငှက်တိရစ္ဆာန်များနှင့်တကွ ဒေသတစ်ခု၏ သဘာဝသွင်ပြင် လက္ခဏာများ အားလုံးပါဝင်သည်။
Sep 15, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်သည်။ ရက်အလိုက်စောင့်ကြည့်မှုအရ စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှုမှာ ၁၀ ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှုရာခိုင်နှုန်း ထက်ဝက်ကျဆင်းရေး ရည်မှန်းကာ မျက်ခြည်မပြတ်အလေးထား၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ခဲ့သောကြောင့် တိုးတက်မှုများ ရရှိနေသည်။
Sep 15, 2021
နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသူအိမ်ရှင်များ သတိပြုနိုင်စေရေးအတွက် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် နေ့စဉ် ထုတ်လွှင့် ဖော်ပြလျက်ရှိသည်။ မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများကို လာရောက်ငှားရမ်း နေထိုင်သူများသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများ ဖြစ်နေပါက အိမ်ရှင်များမှာလည်း မလွှဲသာမရှောင်သာ တာဝန်ရှိ နေမည်ဖြစ်ကြောင်းကို အဆိုပါအသိပေးထုတ်ပြန်ချက်အရ သတိပြုမိကြရန်နှင့် ဤသို့ မဖြစ်စေရန်အတွက် အိမ်ရှင်များ ဆောင်ရွက်ရမည့် တာဝန်များကို အသိပေးထားခြင်းဖြစ်သည်။