Skip to main content
Jun 24, 2021
နယုန်လပြည့်နေ့ကိုမဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြသည်။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက်ကြသော နတ်အပေါင်းတို့၏ အစည်းအဝေး၌ ထိုသို့လာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့၏အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကကိုင်း ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောအရပ်၌ ဟောကြားတော်မူခဲ့သည်။ မဟာသမယ ဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါဟု အနက်အဓိပ္ပာယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာတို့၏ ထူးခြား ကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့ စုရုံးရောက်ရှိနေခဲ့သည့် ထိုအချိန်အခါသည် မဟာ သမယပင်ဖြစ်သည်။
Jun 22, 2021
မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အချုပ် အခြာအာဏာ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲရပ်တည် နေထိုင်လျက်ရှိသည်။ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ မိမိတို့၏ ပြည်တွင်းရေးကို အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်လျှင်လည်း လက်ခံခြင်း မရှိပေ။
Jun 22, 2021
မြန်မာနိုင်ငံတွင် ရေချိုငါးလုပ်ငန်းနှင့် ရေငန်ငါးလုပ်ငန်းဟူ၍ ငါး ပုစွန် ဖမ်းဆီးထုတ်လုပ်သည့် လုပ်ငန်းနှစ်မျိုးရှိရာ ယခုအခါ အဆိုပါ ငါးလုပ်ငန်းနှစ်မျိုးစလုံး၌ပင် ငါး ပုစွန်သယံဇာတများ ရှားပါးလျော့နည်းလာနေသည်ဟု သိရသည်။ ငါး ပုစွန်သယံဇာတ ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရန်အတွက် ရေချို ရေငန်ငါးလုပ်ငန်းများကို ငါးမဖမ်းရရာသီ သတ်မှတ်ကာ ထိန်းသိမ်း လျက်ရှိသည်။
Jun 21, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခုမေလကုန် ဇွန်လဆန်းမှစတင်၍ ရောဂါကူးစက်ပြန့်ပွားမှု တဖြည်းဖြည်းမြင့်တက်လာသည်ကိုမြင်တွေ့ရမည်ဖြစ် သည်။ ဇွန်လ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၁ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ တစ်ဦးရှိခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ခုနစ်ဦးရှိရာ ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်မားနေသည်ကို သတိထားရမည်ဖြစ်သည်။
Jun 21, 2021
ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း တတိယအကြိမ် ထကြွရိုက်ခတ်လာမှုနှင့် အတူ ရောဂါပိုးကူးစက်ခံရသူအရေအတွက်၊ ပိုးတွေ့ ရာခိုင်နှုန်းတို့ မြင့်တက်လာသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဝင်ရောက်မှု တစ်နှစ်ကျော်ခန့် ကြာမြင့်လာ သည့်အချိန်တွင် စီးပွားရေးထိခိုက်ခံစားရမှု တို့မှာလည်း သိသိသာသာဖြစ်လာသည်။ ကိုဗစ်-၁၉သည် ကမ္ဘာ့ကပ် ရောဂါဖြစ်သည့်အလျောက် နိုင်ငံတကာတို့တွင်လည်း ဤနည်းနှင်နှင် သာဖြစ်သည်။ သို့ရာတွင် နဂိုကအင်အား တောင့်တင်းသည့် နိုင်ငံမျိုး တို့မှာမူ မိမိတို့၏ အင်အားအလျောက် ခံနိုင်ရည်ရှိကြမည်ဖြစ်ပြီး အင်အားနည်းပါး သည့်နိုင်ငံ၊ ချည့်နဲ့သည့်နိုင်ငံမျိုးတို့မှာ ခံနိုင်ရည် လွန်စွာနည်းပါးကြမည်ဖြစ်သည်။
Jun 20, 2021
လူ့ဘောင်လောကရှိ အသိုက်အဝန်းများသည် အဆက်မပြတ် လည်ပတ်နေသည်။ လည်ပတ်နေရာ၌ ဘဏ္ဍာငွေကြေးသည် မဖြစ်မနေ ပါဝင်လည်ပတ်ရသည့် အရေးပါသော ကဏ္ဍဖြစ်သည်။ ထိုဘဏ္ဍာငွေကြေးအပေါ် မူတည်၍ ဘဏ္ဍာနှစ်ဟူ၍ ဖြစ်ပေါ်လာသည်။ ဘဏ္ဍာနှစ်ဟူသည်မှာ ငွေကြေးဆိုင်ရာကို အကြောင်းပြု၍ လုပ်ငန်းကိစ္စအဝဝတို့ ဆောင်ရွက်နိုင်ရန် အတွက် နှစ်တစ်နှစ်၏အစရက်မှ အဆုံး ရက်ကာလကို ဆိုလိုသည်။
Jun 20, 2021
ပေါက်မြို့နယ် ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဉ်သတင်းက နိုင်ငံတကာသို့ပါ ပျံ့နှံ့သည်။ ဒေသတွင်းနေ အကြမ်းဖက်အုပ်စုများ၊ ၎င်း တို့နှင့် ပတ်သက်ဆက်နွယ်နေသူများ တရားမဝင် ပြည်တွင်းမီဒီယာများ၏ ရည်ရွယ်ချက်ရှိရှိ စည်းဝါးကိုက်ဆောင်ရွက်မှုများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို စည်းမဲ့ကမ်းမဲ့ ရက်စက်ကြမ်းကြုတ်သူလူဆိုး များသဖွယ် ပြည်တွင်းပြည်တို့မှ ထင်မြင်လာကြစေရန် ပုံဖော်ခဲ့ကြသည့် နည်းလမ်းမှာ စင်စစ်အားဖြင့် အသစ်အဆန်းတော့ မဟုတ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဆာအကြမ်းဖက်အုပ်စုတို့ ကျင့်သုံးခဲ့ကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်ပေါက်မြောက်ခဲ့ကြသည့် နည်းလမ်း ဟောင်းတစ်ခုသာဖြစ်သည်။
Jun 15, 2021
ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုခုမြန်မာနိုင်ငံအတွင်း ဝင်ရောက် နေပြီလားဟု မသိနိုင်သေးသော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပို၍မြင့်မားလာနေသည်ကို တွေ့မြင်နေရသည်။ မိမိတို့နိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင်မူ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုတို့က စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေ သည်။ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပိုမိုမြန်ဆန် မြင့်မားလာသည့်အခါနိုင်ငံအနေဖြင့် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန်ထမ်းလာရပြီး ဆေးဝါးပြတ်လပ်မှု၊ ဆေးရုံခုတင်မလုံလောက်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှု၊ ဆရာဝန် နှင့်သူနာပြုများ မလုံလောက်မှုတို့နှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်တော့သည့် ဖြစ်စဉ်များကို ကိုဗစ်- ၁၉ ကပ်ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်းကာလများအတွင်း ကမ္ဘာ့နိုင်ငံအချို့ ရင်ဆိုင်ခဲ့ကြရသည်။
Jun 15, 2021
ယခုဇွန်လပထမပတ်အတွင်းက ချင်းပြည်နယ်မှ ကလေးသူငယ်များ ပညာနိုင်ရေးအတွက် ဟာခါးခရိုင် ပညာရေးဦးစီးဌာနသို့ ယာဉ်နှစ်စီးပေးပို့ခဲ့ မူလတန်းအဆင့်ကျောင်းနေအရွယ် KG တန်းမှ Grade-4 တန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် တစ်သိန်းကျော်ကို ဗန်းကျေးရွာအနီး ဂန့်ဂေါဟားခါးသွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ကြားတွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးထားကြောင်း သတင်းတစ်ပုဒ်ကို တွေ့ရှိရာ လွန်စွာအံ့သြတုန်လှုပ်မိပါသည်။
Jun 14, 2021
လူသည် ပုထုဇဉ်သတ္တဝါဖြစ်၍ မည်သူမျှ အမှားမကင်းချေ။ အမှားကို မသိနားမလည် ၍လည်းကောင်း၊ စည်းရုံးဆွဲဆောင်ခံရ၍လည်းကောင်း၊ တမင်တကာ အမှားလမ်း ကို လျှောက်ခဲ့မိ၍လည်းကောင်း၊ နဂိုကတည်းက အမှားကို ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့မိ၍လည်းကောင်း တစ်နည်းနည်းဖြင့် အမှားဖြစ်ခဲ့ကြသည်။ မည်သို့ပင် အမှား ဖြစ်ခဲ့သည်ဖြစ်စေ သိသိချည်းနှင့် ဇွတ်တိုးသည်မှလွဲ၍ အမှားကို အမှားမြင်၍ လမ်းမှန်ပေါ်သို့ ပြန်လည်လျှောက်လှမ်းမည်ဆိုပါလျှင် မိမိတို့ဘဝများလည်း ဖြောင့်တန်းမည်သာ ဖြစ်သည်။