Skip to main content
Feb 25, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အ‌ရေးပေါ်သက်တမ်းကာလကို ခြောက်လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့်ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည်ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက်သုံးချက်သည် အဓိကဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Feb 24, 2023
မြန်မာနိုင်ငံတွင် ကူးစက်ရောဂါအမျိုးမျိုးရှိသည့်အနက် ငှက်ဖျားပိုးကြောင့် ကူးစက်ပြန့်ပွားမှုကို သတိမူကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါမှာ တောတောင်စိမ့်စမ်းများတွင် ငှက်ဖျားပိုးရှိသည့်ခြင်အကိုက်ခံရမှသာ ဖြစ်ပွားသည်ဟု မှတ်ယူထားကြသည်။ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ပြီး ငှက်ဖျားရောဂါကပ်ပါးပိုးမျိုးကွဲများကြောင့် ဖြစ်ပွားသည်။ ၎င်းကပ်ပါးပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ငှက်ဖျားပိုးသယ်ဆောင်လာသည့်ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားသည်။
Feb 24, 2023
ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ကျဆင်းခဲ့ရသည်။ မြွေပူရာကင်းမှောင့်ဆိုသည့်နှယ် ထိုကာလအတွင်းက နိုင်ငံစီးပွားပျက်စီးစေရန်အတွက် ဘဏ်စနစ်များပြိုလဲအောင် ထိုးနှက်တိုက်ခိုက်မှုများလည်းရှိခဲ့ရာ ဘဏ်စနစ်မပြိုလဲစေရန်၊ နိုင်ငံ့စီးပွားရေး ထိခိုက်ပျက်စီးမှုမဖြစ်စေရန် အစိုးရက ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။
Feb 23, 2023
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော် များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်း များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာ ရှင်များ၊ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းလှူဒါန်းမှု သဒ္ဓါတရားထက်သန်မှုနှင့်အတူ တစ်ရက်ထက်တစ်ရက် ရုပ်လုံး ပေါ်ပီပြင်လာလျက်ရှိသည်။
Feb 23, 2023
လောကကြီးအတွင်းဝယ် အသိအမြင်ဗဟုသုတနှင့် ဆင်ခြင်တုံတရားအားနည်းမှုကို အကြောင်းပြု၍ မကောင်းမှုများ၊ မသမာမှုများ၊ လိမ်ညာလှည့်ဖြားမှုများ ကျင်လည်ကျက်စားနေကြသည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် နည်းပညာ ထွန်းကားနေသောကာလတွင် ပြည်သူလူထုကြား၌ သုံးစွဲနေသောလူမှု ကွန်ရက်များကို အသုံးချ၍ မသမာသူတို့ကမကောင်းမှုများ ကျူးလွန်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နည်းပညာသည် လူသားများကောင်းကျိုးများကို ဆောင်ကြဉ်းနေသလို မသမာသူများက ထိုနည်းပညာကိုအသုံးပြု၍ လူသားတို့၏အကျိုးစီးပွားများကို ဖျက်ဆီးနေကြသည်။ သတင်းအချက်အလက်နှင့်နည်းပညာ ထွန်းကားလာသည့်ခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာစာများပေါ်တွင် သတင်းတု၊ သတင်းယောင်၊ သတင်းအမှား၊ အမုန်းစကားနှင့် အလိမ်အညာလှည့်ဖြား မှုများ များစွာပေါ်ထွက်လျက်ရှိသည်။
Feb 22, 2023
(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိရာ အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းရှစ်စောင်၊ ပိုစတာစာတမ်း ၃၄ စောင် စုစုပေါင်းစာတမ်း ၉၂ စောင် တင်သွင်းဖတ်ကြားလျက်ရှိပြီး တင်သွင်းသောစာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 22, 2023
ဘဏ်စာရင်းဖွင့် သိမ်းဆည်းထားသည့် မိမိတို့ပိုင်ငွေကြေးများကို ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ လိမ်လည်လွှဲပြောင်းထုတ်ယူခံရမှုများ မကြာမီကဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများသတိထားနိုင်စေရန် သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။ နည်းပညာဖြင့် အွန်လိုင်းအသုံးပြု၍ ပြစ်မှုကျူးလွန်သူများက ဘဏ်ဝန်ထမ်းအယောင်ဆောင်ကာ ဘဏ်အကောင့်ပိုင်ရှင်ထံမှ အချက်အလက်များကို လှည့်ဖြားတောင်းခံပြီး ငွေကျပ်သိန်းပေါင်းရာနှင့် ထောင်နှင့်ချီကာ လိမ်လည်လွှဲပြောင်းထုတ်ယူသွားကြခြင်းဖြစ်သည်။
Feb 20, 2023
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယနေ့အချိန်ကာလအထိ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ရောဂါဖြစ်ပွားနေဆဲဖြစ်သည်။ ရောဂါဖြစ်ပွားမှုအရှိန်အဟုန်မှာ ကျဆင်းနေသော်လည်း ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံ အချို့တွင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အပြင် အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်များ လျင်မြန်စွာကူးစက်မှုများရှိနေ၍ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ နှင့်အတူယှဉ်တွဲ၍ အစဉ်အမြဲနိုးကြားမှုဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။
Feb 20, 2023
နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီး၊ မြေရေအရင်းအမြစ်များနှင့် မြေပေါ်မြေအောက် သယံဇာတ စသည်တို့သာမက ကောင်းမွန်သည့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာဖွဲ့စည်းမှုများ၊ လူတို့၏ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း တိုးမြှင့်ပေးမှုများနှင့် ပြည်သူလူထုအတွင်း မြင့်မားသောရည်ရွယ်ချက်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ နိုးကြားထက်သန်မှုများ ရှိနေခြင်းတို့လိုအပ်သည်။ ငွေကြေးနှင့် သယံဇာတ အရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်က ပို၍ပင်အရေးကြီးသည် ဟူ၍ ပညာရှင်များက အသိအမှတ်ပြုကြသည်။
Feb 19, 2023
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလကတည်းက ကမ္ဘာပေါ်ရှိနိုင်ငံအများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံအများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် မည်သည့်သဘောထားမူဝါဒဖြင့်ဆက်ဆံစေကာမူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရပ်တည်လျက်ရှိသည်။