Nov 11, 2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။
Nov 11, 2022
ရန်ကုန်မြို့တွင် မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းဖြစ်သည့် YBS ယာဉ်လိုင်းအမှတ် (၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့ ရိုက်နှက် လုယက်မှုကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သည့်အဆင့်မှ အတင့်ရဲစွာဖြင့် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုများအထိ ကျူးလွန်လာကြသည့်အပေါ် လူမှုကွန်ရက်များတွင် ထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
Nov 10, 2022

နိုင်ငံ၏သဘောသဘာဝ ပကတိအနေအထားနှင့် ပထဝီနိုင်ငံရေးအနေအထားများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြား၌ အရေးပါသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိုအကြောင်းပြု၍ အရေးကြီးသည့်ကိစ္စများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့သောအခြေအနေများရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းပကားများဖြင့် ဟန့်တားနှောင့်ယှက်မှုများ၊ အဖျက်အန္တရာယ်များကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပေသည်။
Nov 10, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော လူမှုရေးဦးတည်ချက် တစ်ရပ်ပါဝင်သည်။ မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများတွင် အလယ်တန်း အဆင့်နှင့် ၎င်းအဆင့်၏အောက် ပညာအရည်အချင်းမျှသာရှိသူ စုစုပေါင်း ၁၈ ဒသမ ၂ သန်း ခန့်ရှိနေရာ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိနေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အလျောက် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။
Nov 09, 2022
မြန်မာတို့၏ သဘာဝနှင့်ယုံကြည်မှုအရ လူတို့၏ဖြစ်တည်မှုသည် ဖြစ်ပြန်ပျက်ပြန်လောကဓံသဘောကဲ့သို့ နိမ့်တုံမြင့်တုံ အစဉ်အမြဲပြောင်းလဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့ဘောင်လောကဖြစ်တည်မှုတွင်လည်း အလားတူပင်၊ လောကဓံမုန်တိုင်းကြား၌ ရုန်းကန်လှုပ်ရှား အစဉ်ဖြတ်ကျော်နေရပါသည်။ ထိုသဘောတရားအရ ဖြစ်ပေါ်လာသမျှသော အခြေအနေတို့ပေါ်တွင်မူတည်၍ အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ရမည်မှာ လူ့ဘောင်သမိုင်းကို ရေးထိုးကြမည့်သူများ၏ တာဝန်ဖြစ်ပါသည်။
Nov 09, 2022

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံက ကြေညာထားသည့် ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခြောက်နှစ်မြောက် နှစ်ပတ်လည်ပွဲများကျင်းပပုံ ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် ထုတ်ပြလာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ကောက်စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့က “Happy Day” ဟု အမည်ပေးထားသည့် အခမ်းအနားကိုကျင်းပပြီး Facebook၊ Twitter နှင့် Whatsapp တို့မှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ရာ ယခင်က ဒုက္ခသည်စခန်းများအတွင်း လျှို့ဝှက်သိပ်သည်းစွာ ရောနှောနေထိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ခေါင်းထောင်ပြလိုက်ခြင်းအားဖြင့် နောက်ထပ်ခြေလှမ်းတစ်ခုစတင်လိုက်ခြင်းဟု ယူဆနိုင်သည်။
Nov 08, 2022
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များသည် မြန်မာနိုင်ငံအတွက်အရေးပါပြီး ထူးခြားသောနှစ်များဖြစ်သည်။ ၂၀၂၂ ခုနှစ် ပြည်ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်၍ ထူးခြားသည့်ပြည်ထောင်စုနေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်၍ ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။
Nov 08, 2022
အွန်လိုင်းမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှုများ အများအပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူများသတိထားကြရန်လိုအပ်သည်။ လူတို့၏အားနည်းချက်များဖြစ်သော မသိနားမလည်မှု၊ အယုံလွယ်မှုနှင့် လောဘတရားတို့ကိုအသုံးချကာ အွန်လိုင်းမှလိမ်လည်သူများက သားကောင်များကိုရှာဖွေပြီး အမြတ်ထုတ်နေကြခြင်းဖြစ်သည်။
Nov 07, 2022
မြန်မာနိုင်ငံသည် ကုသိုလ်ကောင်းမှုများထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ရတနာသုံးပါးကိုရည်မှန်း၍ နေ့ကြီးရက်ကြီးများတွင်သာမက လပြည့်လကွယ်ရောက်တိုင်း ကောင်းမှုကုသိုလ်များပြုလုပ်လေ့ရှိသည်။ ဝါတွင်းကာလသုံးလပတ်လုံး ကုသိုလ်ကောင်းမှုများအဆက်မပြတ်ရှိပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်လေ့ရှိသည်။
Nov 07, 2022
တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ရာသီဥတုသာယာကြည်လင်ကာ ညဉ့်ကောင်းကင်ယံတွင် နက္ခတ်ကြယ်တာရာတို့ စုံလင်စွာထွန်းပအေးမြလျက် စိတ်နှလုံးမွေ့လျော်ဖွယ်ရာအခါသမယဖြစ်သည်။ မင်းစည်းစိမ်ကိုရယူလိုသောလောဘကြောင့် ဖခင်ကိုသတ်ခဲ့သည့် အပြစ်ကြီးကိုကျူးလွန်ခဲ့မိပြီး ထိုအပြစ်၏ ခြောက်လှန့်မှုကြောင့် စိတ်နှလုံးပူလောင်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ကို ခံစားနေရသော အဇာတသတ်မင်းအား မြတ်စွာဘုရားက သာမညဖလ(ရဟန်းပြုခြင်း၏အကျိုး) တရားတော်ကို သာယာလှပသည့် တန်ဆောင်မုန်းလပြည့်ညတွင် ဟောကြားတော်မူခဲ့သည်။