Nov 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေး မှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေး ဦးတည်ချက်သုံးရပ်ကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
Nov 18, 2022
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ်တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အလျောက် နိုင်ငံတော်ကအလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။
Nov 16, 2022
“အားကစားဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်လာနေပြီကို ပြောကြားလိုကြောင်း၊ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အပိုင်းအခြားအထိ ပြိုင်ဘက်ကိုအလျှော့မပေးဘဲ အားကစားစိတ်ဓာတ်အပြည့်နှင့်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်မည်ဟူသည့် ခံယူချက်ကြောင့်ပင်ဖြစ်ကြောင်း၊ အားကစားသမားကောင်းတစ်ယောက်၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင် ကြာတင့်ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြုနိုင်ငံကိုပါ အလိုလိုမြှင့်တင်ပေးပြီးသားဖြစ်စေခဲ့ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
Nov 16, 2022

လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်ကြေညာချက်အမှတ် ၂၀၂၃ - ၀၂ ကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမေရိကန်လွှတ်တော်က ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဥပဒေပါ အနိမ့်ဆုံးစံနှုန်းများအတိုင်း သို့မဟုတ် စံနှုန်းများနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Nov 15, 2022
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးကိုကြည့်လျှင် အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံ၏ ကမ္ဘာ့နိုင်ငံများကြားတွင် ဝင်ရောက်စွက်ဖက်မှုအမျိုးမျိုးကို မြင်တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ဝင်ရောက်စွက်ဖက်လျက်ရှိသည့်အပြင် လောကသဘာဝအရ အင်အားကြီးသူဘက် လိုက်ပါလေ့ရှိရာ မြန်မာနိုင်ငံအပေါ်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ ဖိအားပေးစွက်ဖက်မှုများ ပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
Nov 15, 2022

အကြမ်းဖက်ဖောက်ခွဲမှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ၊ အုပ်စုဖွဲ့ခါးပိုက်နှိုက်၊ လုယက်လူသတ်မှု ကျူးလွန်ခဲ့သူများကို ပြည်သူများ၏ သတင်းပေး ပူးပေါင်းပါဝင်ကူညီမှုများဖြင့် အစုလိုက် အပြုံလိုက်၊ တစ်မှုပြီးတစ်မှု ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ ဤသည်မှာ အကြမ်းဖက်မှုကို မလိုလားသော၊ ရပ်ရွာအေးချမ်းသာယာ တည်ငြိမ်မှုကိုသာ လိုလားသော ပြည်သူလူထု၏ သဘောထားကို ထင်ထင်ရှားရှား ပြသနေခြင်းပင်ဖြစ်သည်။
Nov 14, 2022
မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးတက္ကသိုလ်များအပါအဝင် နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါ ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်တို့ ဖွင့်လှစ်ထားသည်။ မကြာသေးမီက နေပြည်တော်တွင် Naypyitaw State Academy ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ နေပြည်တော်သည် ပညာရေးမြို့တော်အဖြစ် ပုံပေါ်လာပြီဖြစ်သည်။
Nov 14, 2022
၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်သည် သူ့ကျွန်ဘဝကျရောက်နေစဉ်ကာလ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ဩဇာအာဏာကို ပထမဆုံးဆန့်ကျင်တော်လှန်ခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် စတင်နိုးကြားတက်ကြွခဲ့ခြင်းဖြစ်ပြီး နောင်တွင်ဆက်လက်ဖြစ်ပေါ်လာမည့် တောင်သူလယ်သမား အရေး တော်ပုံ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ စသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ၏ ကနဦးအစလည်းဖြစ်သည်။
Nov 13, 2022
ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ဤအဆိုကို လူတိုင်းလက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် လောကတွင် လူတစ်ယောက်သည် စီးပွားဥစ္စာရှာဖွေနိုင်ပြီး မည်မျှချမ်းသာပါသော်လည်း၊ ရာထူးစည်းစိမ်မြင့်မားပြီး မည်မျှထည်ဝါပါသော်လည်း ကျန်းမာရေးမကောင်းပါက ၎င်းအရာအားလုံးမှာ အချည်းနှီးပင်ဖြစ်ပေလိမ့်မည်။ ကျန်းမာရေးမကောင်းလျှင် စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများ အသုံးမဝင်တော့ပေ။ ကျန်းမာရေးကောင်းမွန်ပါမှ စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Nov 13, 2022
၂၀၁၃ ခုနှစ်တွင် Harakah al - Yaqin (ယုံကြည်ချက်အခြေခံလှုပ်ရှားမှု)ဟူ၍ အာရေဗျဘာသာဖြင့် အမည်ပေးထားသည့် အဖွဲ့က ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ARSA (Arakan Rohingya Salvation Army)ဟူ၍ ဖြစ်လာသည်။ အစ္စလာမ္မစ် ဝါဒီများဟု ကမ္ဘာကရှုမြင်သွားနိုင်စေမည့် အာရေဗျအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အမည်ပေးပြီး ၎င်းတို့၏ပုံရိပ်ကိုပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ARSA အကြမ်းဖက်အဖွဲ့အစည်းမှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဆူပူသောင်းကျန်းခဲ့ကြသည့် မူဂျာဟစ်ဒင်လှုပ်ရှားမှု၏ အဆက်အနွယ်ပင်ဖြစ်သည်။