Skip to main content
Dec 06, 2022
ယခုအခါ ဒီဇင်ဘာလအားကစားလှုပ်ရှားမှုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတို့၌ အများပြည်သူရုံးပိတ်ရက်ကာလများတွင် နံနက်စောစော ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေပြီး စိတ်နှလုံးရွှင်လန်းစေသည့် စုပေါင်းလမ်းလျှောက်ပွဲများကို ကြိုဆိုလိုက်ရပါသည်။
Dec 06, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို အကောင်အထည်ဖော်သည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို နေပြည်တော်၌ကျင်းပခဲ့ရာ နှစ်နိုင်ငံအတွက် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်။
Dec 05, 2022
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုးကိုဖော်ဆောင်ခဲ့ရာ အကြောင်းအမျိုးမျိုးဖြင့် ရေရှည်တည်တံ့သည့် နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ခြင်းမရှိသေးပေ။ ခေါင်းဆောင်များနှင့် ပြည်သူများမှာ မြန်မာနိုင်ငံနှင့်ဆီလျော်သည့် ဒီမိုကရေစီစနစ်ကို မျှော်မှန်းထားသည်။ မြန်မာနိုင်ငံတွင်ကျင့်သုံးသင့်သည့် နိုင်ငံရေးစနစ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။
Dec 05, 2022
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟူသည် ထိုနိုင်ငံတွင် အရင်းအနှီးများစုဆောင်းထားနိုင်ခြင်း၊ ရေမြေသယံဇာတများပိုင်ဆိုင်ခြင်း၊ သဘာဝတွင်းထွက်များရှိခြင်း စသည်တို့နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ထိုနိုင်ငံတွင် ပိုမို၍ကောင်းမွန်သောလူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုများရှိခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးအဆင့်များကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်မြင့်မားအောင် လှုံ့ဆော်ပေးနိုင်ခြင်းတို့လည်း လိုအပ်သည်ဟု ပညာရှင်များက ဆိုသည်။
Dec 03, 2022
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁) တွင် “လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ်သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူ တို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏” ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးသည် လူသားတိုင်း ရပိုင်ခွင့်ရှိသည့် အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများအားလုံးက လေးစားလိုက်နာကြသည်။
Dec 03, 2022
ကမ္ဘာပေါ်တွင် နှစ်စဉ်ကော်ဖီကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိပြီး ရေနံပြီးလျှင် ဒုတိယအများဆုံး ကုန်သွယ်မှုပြုသည့် ကုန်စည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဝယ်လိုအားရှိသလောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဈေးကောင်းရနေသည့် ကုန်စည်လည်း ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ဦးကတည်းက ကော်ဖီကိုစိုက်ပျိုးလာခဲ့ခြင်းဖြစ်ရာ ကော်ဖီစိုက်ပျိုးသည့်သက်တမ်း နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်သည်။ သို့ရာတွင် မိရိုးဖလာနည်းဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ် (၂၀၁၄ ခုနှစ်) ကမှစတင်ကာ ခေတ်မီနည်းပညာ၊ စက်ကိရိယာများ၊ စိုက်ပျိုးနည်းစနစ်များ၊ ကော်ဖီအရည်အသွေး ထိန်းသိမ်းမှုနည်းစနစ်များနှင့် စတင်ထိတွေ့ လာရခြင်းဖြစ်သည်။
Dec 02, 2022
ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများအတွက် အရေးကြီးသောအခြေခံလိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ NUG နှင့် လက်ဝေခံ  PDF အကြမ်းဖက်အဖွဲ့များသည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသောကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
Dec 02, 2022
လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသလို နေ့စဉ်လူနေမှုဘဝများအတွက်လည်း အရေးကြီးသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လိုအပ်ချက်မြင့်မားလာနေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဖိုးခန့်တင်သွင်းနေရသည့် စက်သုံးဆီများဝယ်ယူနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းရှိ ဒီဇယ်ဆီသုံးသည့် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်ကို အစားထိုးသုံးစွဲသွားရန်မျှော်မှန်းထားရာ ပြည်တွင်းရှိအရင်းအမြစ်ပေါင်းစုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားနိုင်ရန်လည်း နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။
Dec 01, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို သိသိသာသာထိန်းချုပ်လာနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်မားသည့်နိုင်ငံဖြစ်သည်။ ယခုအခါဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။
Dec 01, 2022
ယနေ့သည် အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသည့် အေအိုင်ဒီအက်စ်ရောဂါကူးစက်ပျံ့နှံ့မှုကို အများပြည်သူတို့ သတိမူနိုင်ကြစေရန် ရည်ရွယ်၍ သတ်မှတ်ထားသည့် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” (World AIDS Day) ဖြစ်သည်။ ထို့အပြင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသွားခဲ့ရသူများကို အမှတ်ရစေရန်နှင့် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝပပျောက်သွားစေရေးအတွက် ကြိုးပမ်းရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိတ်ချ်အိုင်ဗွီပိုးရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်လာကြစေရန်လည်း ရည်ရွယ်သည်။