Nov 06, 2022
“လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၄ ရက်နေ့တွင် ထားဝယ်မြို့ မြို့နယ်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။
Nov 06, 2022
စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အဓိကအားထားနေရသည့် မိမိတို့နိုင်ငံအဖို့ ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မျက်ခြည်မပြတ်သတိပြုနေရန် လိုအပ်သည်။ ရာသီအလိုက် သီးနှံများစိုက်ကြရာတွင် ပြောင်းလဲလာသည့် ရာသီဥတု၏ဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံပုံစံများ၊ သီးနှံမျိုးများ စသည်ဖြင့် လိုက်ပါပြောင်းလဲရန်လိုသကဲ့သို့ စိုက်နည်းစနစ်များကိုလည်း လိုအပ်သလိုလိုက်ပါပြောင်းလဲနိုင်ကြရမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သောရေကို အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံးသုံးစွဲနိုင်ရန် အလေ့အကျင့်ပြုကြရမည်ဖြစ်သည်။
Nov 05, 2022

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် နိုင်ငံတိုးတက်လာမှုနှင့်အတူ ငွေကြေးသုံးစွဲမှုအပိုင်းတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော် ဘဏ်စနစ်ကိုအခြေခံသည့် ငွေကြေးလှည့်ပတ်သုံးစွဲမှုအပိုင်းတွင် နိုင်ငံတစ်ဝန်း၌ လုံခြုံစိတ်ချမှု၊ စနစ်တကျဆောင်ရွက်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုများ၌ လိုအပ်ချက်များ ရှိနေသေးသည်။ ခိုင်မာအားကောင်းသည့် ဘဏ်စနစ်သည် ပြည်သူများ ငွေကြေးလှည့်ပတ် သုံးစွဲမှုအပိုင်း၌ လုံခြုံစိတ်ချမှုရှိပြီး လွယ်ကူအဆင်ပြေ လျင်မြန်ချောမွေ့စေသည်။
Nov 05, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်တကွ ပိဋကတ်သုံးပုံကျောက်စာရုံ ဓမ္မစေတီတော်များ၊ မုစလိန္ဒအိုင်၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန်တော်ကြီး စသည့်သာသနိက အဆောက်အအုံများစွာပါဝင်သည့် ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခုကို တည်ဆောက်လျက်ရှိသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ထားမှုလုပ်ငန်းများ ပြီးစီးသည့်အခါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ရာ နိုင်ငံတော်၏ကျက်သရေဆောင်၊ နေပြည်တော်မြို့တော်၏ ကျက်သရေဆောင် သာသနိကနယ်မြေကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။
Nov 04, 2022
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားထားသည်။ ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အကျိုးတူလယ်ယာကန်ထရိုက်စနစ် (Contract Farming) ကို အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါအကျိုးတူ လယ်ယာကန်ထရိုက်စနစ်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြဖြစ်အောင် အကောင်အထည်ဖော်ရာ၌ ထိရောက်ဖြစ်ထွန်းလာမည့် စီမံကိန်းဖြစ်သည်။
Nov 04, 2022
လယ်ယာစိုက်ပျိုးရေးကဏ္ဍ သီးနှံအထွက်တိုးတက်ရေးအတွက် လိုအပ်သည့် သွင်းအားစုများတွင် မြေဩဇာကို လုံလုံလောက်လောက် ရရှိအသုံးပြုနိုင်ရေးက လွန်စွာအရေးပါသည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးသည့် သီးနှံအမယ်စုံအနက် စပါးသီးနှံက မြေဩဇာသုံးစွဲမှုပမာဏ အများဆုံးဖြစ်သည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါးဧက ရှစ်သိန်းခွဲတို့ စိုက်ပျိုးသွားမည်ဖြစ်ရာ အရေးကြီးသော သွင်းအားစုဖြစ်သည့် မြေဩဇာရရှိရန်လည်း လိုအပ်လာသည်။
Nov 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်ပေးထားသည်။ အဆိုပါအမျိုးသားရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)တွင် ရှင်းလင်းပြောကြားခဲ့သည်။
Nov 03, 2022
တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ တရားဥပဒေစိုးမိုးလျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာပူမည်ဖြစ်သည်။ အများပြည်သူအကျိုးအတွက် ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်းဖြစ်ရာ တရားဥပဒေစိုးမိုးမှုမပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။
Nov 01, 2022
မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ရှေးအစဉ်အဆက်ကတည်းက အတိတ်ကောင်း၊ နိမိတ်ကောင်း၊ အတိတ်တဘောင်ကောင်းများဖြင့် ဆန်ရေစပါးပေါများကြွယ်ဝပြီး အေးချမ်းသာယာဝပြောသော နိုင်ငံဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော မြန်မာဘုရင်များလက်ထက်တွင် မင်းကျင့်တရား ၁၀ ပါးနှင့်ညီညွတ်စွာအုပ်ချုပ်ပါကအတိတ်ကောင်း၊ နိမိတ်ကောင်းများပေါ်ထွန်းလာလေ့ရှိသည်။ အတိတ်ကောင်း၊ နိမိတ်ကောင်းများတွင် ဆင်ဖြူရတနာပေါ်ထွန်းလာခြင်းလည်းပါဝင်သည်။
Nov 01, 2022

အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားရန်ဖြစ်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးများ ပျက်ပြားစေရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများကို ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ရက်ရက်စက်စက် ပြုလုပ်ခဲ့ကြသည်။