Oct 31, 2022
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တန်ဖိုးကြီးသော အရင်းအနှီးမှာ ပညာရေးဖြစ်သည်။ ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို တည်ဆောက်ကြသည်။ ပညာသည် မကုန်ခန်းနိုင်သော အရင်းအမြစ်ဖြစ်၍ ပညာဖြင့် ဘက်စုံလွှမ်းခြုံလာအောင် ကြိုးပမ်းနေကြသည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာရန်အတွက် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ်သည် ဘက်စုံပညာရေးကို ဦးတည်ဖော်ဆောင်နေသည်။
Oct 31, 2022
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Oct 30, 2022

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဗန်ကောက်ကြေညာစာတမ်း) ကို လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့ပြီး အာဆီယံမိသားစု (၁၀)နိုင်ငံဖြစ်လာခဲ့သည်။
Oct 30, 2022

၂၀ ရာစု အစပိုင်းတွင် ကမ္ဘာတစ်ခွင်ရှိ မြို့ကြီးများ၌ နေထိုင်သူ ၁၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၁ ရာစု အစပိုင်းသို့ ရောက်ရှိလာ သည့်အခါ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။ ကျေးလက် ဒေသများမှ ပြောင်းရွှေ့အခြေချလာသူများကြောင့် မြို့ပြများတစ်စတစ်စ ကြီးထွားလာရခြင်းသည် တစ်ဖက်တွင်လည်း နေထိုင်ရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ၊ စွမ်းအင်နှင့် လောင်စာ၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို မြင့်မားလာစေသည်။ မိမိတို့နိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဆယ်စုနှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက မြို့ပြဒေသများ ကြီးထွားလာနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Oct 29, 2022
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို အားလုံးသိရှိပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများက ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစဉ်က နိုင်ငံ့တာဝန်ယူထားသူများက တပ်မတော်သာမက နိုင်ငံရေးပါတီများ၏ ဖြေရှင်းပေးရန်တောင်းဆိုမှုများကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးစားလာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာဘဲ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။
Oct 29, 2022
မြန်မာနိုင်ငံ၏လူဦးရေတွင် အလုပ်လုပ်နိုင်သည့်အရွယ်ရှိ လူဦးရေအချိုးအစားများသည့်အတွက် လူဦးရေဆုလာဘ်ရရှိထားသော နိုင်ငံဟုပင်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အနက် အရွယ်ကောင်းလူငယ်များစွာတို့မှာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် ပြည်ပသို့အလုပ်သမားတင်ပို့မှု တတိယအများဆုံးနိုင်ငံဟူ၍လည်း ဆိုကြသည်။
Oct 27, 2022
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုသည် အခြေခံကျသည့်အချက်ဖြစ်သည်။ လုပ်ငန်းကြီးများ ဆောင်ရွက်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများလိုအပ်ပြီး လုပ်ငန်းငယ်များဆောင်ရွက်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာအောင် မူဝါဒများ၊ လက်တွေ့ဖန်တီးဆောင်ရွက်ပေးမှုများဖြင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနေသည်။
Oct 27, 2022

ကမ္ဘာတစ်ခွင်လုံးတွင် လမ်းပေါ်မတော်တဆမှုများကြောင့် နှစ်စဉ်ပျမ်းမျှလူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူဦးရေ သန်း ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာရနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းအန္တရာယ်ကင်းရှင်းရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ လမ်းပေါ်မတော်တဆမှုများဟု ဆိုရာတွင် ယာဉ်ချင်းတိုက်မှု၊ ယာဉ်ကလူကိုတိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်၊ စက်ဘီး၊ အနှေးယာဉ်၊ လမ်းပေါ်သွားနေသည့်လူ စသည်တို့ တိုက်မိမှုများပါဝင်သည်။ မည်သည့်ပုံစံဖြင့် တိုက်မိမှုမျိုးဖြစ်စေ အဓိကမှာ လူ၏အားနည်းချို့ယွင်းချက်ကြောင့်သာ ဖြစ်သည်။
Oct 26, 2022

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော မငြိမ်းချမ်းသည့် လက်နက်ကိုင်ပဋိပက္ခများကို ယနေ့ထက်တိုင် တွေ့မြင်နိုင်သည်။ ခေတ်အဆက် ဆက်အစိုးရများနှင့် လက်ရှိကာလထိတိုင် တိုင်းပြည်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ငြိမ်းချမ်းရေးကိုမလိုလားဘဲ ၎င်းတို့၏ခံယူချက်၊ ၎င်းတို့၏အကျိုးစီးပွားကိုသာရှေးရှု၍ တည်ငြိမ်မှုပျက်စီးအောင် အစဉ်တစိုက်ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
Oct 26, 2022

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် အကျိုးတူလယ်ယာ (Contract Farming) စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် (၁) တောင်သူအစုအဖွဲ့ သို့မဟုတ် တောင်သူသမဝါယမများ၊ (၂) သွင်းအားစုကုမ္ပဏီများနှင့် (၃) အကျိုးတူလယ်ယာစနစ်တွင် ပါဝင်ဆောင်ရွက်မည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်ပိုင်ရှင်များ သို့မဟုတ် ပို့ကုန်လုပ်ငန်းရှင်များဟူ၍ အုပ်စုသုံးစုပါဝင်ပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်ကြရခြင်းဖြစ်သည်။