Skip to main content

တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီက တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဟာကြားမနိုး ကျေးရွာရှိ လော်မွန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း၌ သီဟနောင်(ခ)ယားပါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် လော်မွန် ၄၇ နှစ်နှင့် သီဟနောင်(ခ)ယားပါ ၂၉ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။         

သတင်းစဉ်