နေပြည်တော်၊ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုပေါ်ရပ်ကွက်နှစ်ခုရှိ အမျိုးသား ၉ ဦးကို စစ်မှုထမ်းဆောင်ရန် ဧပြီလ ၂၉ ရက်နေ့ညတွင် တပ်မတော်က နေအိမ်အထိ လိုက်လံဖမ်းဆီးသွားသည်ဟု သတင်းအမှားများကို ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရှိ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ပြည်သူ့စစ်မှုထမ်းဆောင်ရန် တာဝန်သိပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး စစ်မှုထမ်းဆောင်ရန်အတွက် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အဓမ္မဖိအားပေးစုဆောင်းခြင်းများ လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကောလာဟလသတင်းမှားများဖြင့် အချိန်ကိုက်ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။