Apr 25, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 24, 2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နှင့် မြို့သစ်မြို့အကြားရှိ လမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၂၀ ခန့်ကို ဧပြီလ ၂၃ ရက်နေ့က အကြောင်းမဲ့တားဆီးစစ်ဆေးပြီး စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ကွင်းကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ သီးချောင်းကျေးရွာနှင့် ထနောင်ကုန်းကျေးရွာတို့မှ လူငယ်များကို နေအိမ်ထဲထိဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
Apr 24, 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံပူစားကျေးရွာ၊ ကွင်းယားကြီးကျေးရွာ၊ တရုတ်မှော်ကျေးရွာနှင့် မဲမဲကျေးရွာတို့ရှိ နေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၆၁ လုံး အမိုးလန်ပျက်စီးခဲ့သည်။
Apr 24, 2024
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
Apr 24, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHUM Angvichet အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Apr 24, 2024
ကမ္ဘာကြီးပူနွေးလာမှုမှ ရာသီဥတုဖောက်ပြန်မှုကို ထိန်းချုပ်နိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ရှင်သန်ဖွံ့ဖြိုးမှုနှင့် လူနှင့်ရုပ်ပတ်ဝန်းကျင်ကို သဘာဝဘေးမဲ့တောများနှင့် အမျိုးသားဥယျာဉ်များက အကျိုးပြုလျက်ရှိရာ အမျိုးသားဥယျာဉ်များကိုပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမျိုးသားဥယျာဉ်များပိုင်ဆိုင်မှု တတိယနေရာတွင် ဂုဏ်ယူဖွယ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
Apr 24, 2024
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
Apr 24, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 24, 2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ် ရေပေးဝေရေးစခန်းသို့သွားရောက်၍ 330 kW Solar Power Plant (PV System) ဆောင်ရွက်ထားရှိမှု၊ Nano Filter ရေသန့်စင်မှုစနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန်တစ်သိန်းဆံ့ ရေစုကန်နှစ်ကန်နှင့် ရေသန့်စင်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 24, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ရှိ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကျောက်ကျောဖာ ၅၀ နှင့် အုန်းသီးအမှုန့်အိတ် ၁၂၀ အပါအဝင် ကုန်ပစ္စည်း ၁၇ မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၂၄၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 24, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာသင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
Apr 24, 2024
ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်များအဖြစ် သွားရောက်၍ရရှိခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်းအမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
Apr 24, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Apr 24, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃) အစည်းအဝေးခန်းမ(၂)၌ ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 24, 2024
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး “ရဋ္ဌနန္ဒက”သည် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ် ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
Apr 24, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာဝေဖန်သည့်(သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကိုရည်ညွှန်းပြီး အကြမ်းဖက်ရန်လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Apr 24, 2024
၁။ အပူချိန်လွန်ကဲမှုကြောင့် မေလမှ ဇူလိုင်လအတွင်း မွေးမြူရေး(ဥရောပ)ပျားအုံများတွင် အတောင်လိပ်ရောဂါကျရောက်တတ်ပြီး အဆိုပါအတောင်လိပ်ရောဂါ ကျရောက်မှုကြောင့် သက်ငယ်ပျားများ (Nurse Bees) ဆုံရှုံးကာ ပျားအုံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပါသည်။
Apr 24, 2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား ၁၇ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။
Apr 24, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program)အရ “လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် လုပ်ငန်းခွင်သာယာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
Apr 24, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် စီးပွားရေးကဏ္ဍ၌ ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း ၅၀၈ ခုရှိကြောင်း တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်ထံမှ သိရသည်။ ယင်းလုပ်ငန်းများအနက် ထားဝယ်မြို့ရှိ ရွှေဥဩထားဝယ်ရိုးရာလုံချည် ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင် ဦးနေမင်းနှင့် တွေ့ဆုံမေးမြန်းမှုအား ဖော်ပြလိုက်ရပါသည်-
