Nov 21, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund to Fight AIDS, Tuberculosis and Malaria - Global Fund) မှ Senior Fund Portfolio Manager- Ms. Maria Izaskun Gaviria Ayucar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 21, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
Nov 21, 2024
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်
Nov 21, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Nov 21, 2024
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Nov 21, 2024
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးကောင်းမွန်မှုသည် အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသဖွံ့ဖြိုးမှုကို ထိရောက်စွာမလုပ်နိုင်။ ဒေသဖွံ့ဖြိုးတိုးတက်မှုရှိသော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် အချည်းနှီးဖြစ်နိုင်။ စီးပွားရေးကောင်းမွန်ပါသော်လည်း ပြန်လည်ထူထောင်ရေးကို အကြိမ်ကြိမ်ပြုလုပ်နေရသဖြင့် ရှေ့သို့မတက်လှမ်းနိုင်စသည့် အဟန့်အတားများကို ပြည်သူလူထုနှင့်အတူလက်တွဲ၍ ကျော်လွှားသွားကြရမည်ဖြစ်သည်။
Nov 21, 2024
ကမ္ဘာ့လူသားအားလုံး၏ ၉၂ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောလေကို ရှူခွင့်မရကြဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (ယူအင်န်အီးပီ) ကဆိုသည်။ ညစ်ညမ်းသောလေကို ရှူရှိုက်နေကြရခြင်းကြောင့် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် လူခုနစ်သန်းခန့် အချိန်မတိုင်မီ သေဆုံးနေကြရာ အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှုက ပိုမိုများပြားသည်။ မိုးအကုန် ပွင့်လင်းရာသီသို့ ရောက်သည့်အခါတိုင်း တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များဖြစ်ပေါ်လေ့ရှိရာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေခြင်းကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ ကြိုးပမ်းဆောင်ရွက်နေကြရသည်။
Nov 20, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စံကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးတွင် ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Nov 20, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Nov 20, 2024
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။
Nov 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Nov 20, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းခရီးသွားယာဉ်ပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ပစ်ခတ်၍ ဘုန်းကြီးတစ်ပါး အပါအဝင် ပြည်သူလေးဦး သေဆုံးသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Nov 20, 2024
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Nov 20, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2024
၁။ ကလေးများသည် နိုင်ငံ့ရတနာများဖြစ်ကြရာ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများကို နိုင်ငံများမှ မြှင့်တင်၊ ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child-CRC) ကို အတည်ပြုချမှတ်ခဲ့ပြီး ယင်းနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ဆောင်ပုဒ်မှာ “အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “Listen to the future” ဖြစ်ပါသည်။
Nov 20, 2024
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည့် နေရာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီ များတည်းခိုနေထိုင်မည့် အိပ်ဆောင် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Nov 20, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိကျင်းပမည့် အာဆီယံ-ဟဲနန် စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ (ASEAN-Henan Cooperation Conference on Food and Agriculture) သို့ တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြာင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
Nov 20, 2024
၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။
