Skip to main content

Jun 15, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို ပြိုင်ပွဲ” ကို ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် (Bill-board) စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်း လမ်းဆုံအနီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရာက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၄-၆-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့ပေါ်ရှိ တွံတေး မြို့မရဲစခန်း အချုပ်ခန်းနှင့် မိဘဂုဏ်ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆွေးနွေးတင်ပြမည့်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊ သမီးများ အား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ အသစ်ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများ၊ အဓိကကျသည့် ကူးစက်ရောဂါများဖြစ်သော အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား စသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန်၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ကျန်းမာရေးကဏ္ဍ၌ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကျန်းမာရေးကိစ္စများ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် သုတေသနပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံသည် အစိုးရအဆက်ဆက်နှစ်ပေါင်းရှည်ကြာစွာ နိုင်ငံတကာ၏ စွပ်စွဲမှု၊ ပြစ်တင်မှု၊ ရှုတ်ချမှု၊ ဖိအားပေးမှုဒဏ်ကို ခံစားခဲ့ရသည်။ အမှန်တရားသည် မည်သို့ပင်ရှိစေကာမူ၊ ဖြစ်ရပ်အမှန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက မည်သို့ပင်ရှင်းလင်းသမှုတို့ ပြုစေခဲ့ကာမူ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အရာမထင်ခဲ့။ အကျိုးစီးပွားကိုယ်စီ စွဲကိုင်ထားကြသည့် တတိယနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှင်းလင်းချက်များကိုလည်းကောင်း လျစ်လျူရှုကာ ၎င်းတို့လိုရာကိုသာ ပုံဖော်ခဲ့ကြ သည်။ တစ်ခါတစ်ရံ အမှန်တရားတို့ ဖုံးမရဖိမရ ပေါ်ပေါက်လာလျှင်ပင် “ကျားကျား၊ မီးယပ်ပဲ” ဟူ၍ လုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်နေ့တွင် ရှင်လှ (တောင်) ကျေးရွာနှင့် ရှင်လှ (အလယ်) ကျေးရွာတို့ကိုဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်မြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၂-၆-၂၀၂၄) ရက်နေ့ ၊ မွန်းလွဲ(၁၃:၃၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ဖြင့် ပုံနှိပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၂-၆-၂၀၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင်စိစစ်ခဲ့သည့်

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၉၂၂ တန်၊ သစ်မာ ၀ ဒသမ ၃၉၀ တန်နှင့် အခြားသစ် ၇ ဒသမ ၁၂၈ တန် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၆၂၁၇) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စနစ်သစ်စတင်ဖြေဆိုမှုကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများ၌ ဖြေဆိုခဲ့ကြပြီး ဇွန် ၁၁ ရက်တွင် အောင်စာရင်းများထုတ်ပြန်ကြေညာခဲ့ရာ သိပ္ပံဘာသာတွဲ၌ တစ်နိုင်ငံလုံး Top Ten ၁၁ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဌာန ပေါင်းစုံပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇွန် ၁၂ ရက်မှ ၁၃ ရက်အထိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အားကစားရုံ၌ ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီး၊ ဒေါက်တာ တင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဦးစီးဌာနနှင့် တက္ကသိုလ်များမှ ပိုက်ကျော်ခြင်းအားကစားကို စိတ်ဝင်စားသူဝန်ထမ်းများ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်