Skip to main content

Jun 14, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်၍ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ၅၀၀ ကေဗွီဘုရားကြီး ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုလဲရတနာ အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းသို့သွားရောက်၍ IT ပညာရပ်ဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Imran Haider နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates -UAE) နိုင်ငံ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Muhamed Al Faheem တို့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်တွင်း၊ ပြည်ပသင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Wuling Bingo အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ” ကို ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၉၄၃ ဦးရှိပြီး အောင်မြင်သူ ၁၁၃၁၅ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

၂ဝ၂၄ ခုနှစ် အကြိမ်(၃၀)မြောက် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စားဗိုလ်ချုပ် စိုးတင်လတ်မှ တက်ရောက်အမှာစကားပြောကြားပြီး တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တာဝန်ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ထူးချွန်ဆုရ သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန်၁၄ ရက်မှ၁၅ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဋ္ဌကထာကျမ်း စာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တိုးချဲ့သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၌ မြန်မာ့အာမခံလုပ်ငန်းနှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတို့က ရာသီဥတုအညွှန်း ကိန်းသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တောင်သူများသို့ အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၁၀ ရက်က မှော်ဘီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljhaleel Mohamed Al Faheem အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnamperuma အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာမိုဟာမက် မွန်(န)ဝါ ဟူစိန်အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC ၌ ကျင်းပပြုလုပ် သည်။

ဆက်လက်ဖတ်ရှုရန်

Jun 14, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်