ရန်ကုန် ဇွန် ၈
အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း နည်းစနစ်သင်တန်း (Emergency Medical Services- EMS) အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ ကျင်းပရာ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနည်းတူ အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့်အတူ ရှေးဦးသူနာပြုစုခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြကာ ဩဂုတ် ၂၈ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
