နေပြည်တော် ဇွန် ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd.၌ ပြည်ပသို့တင်ပို့ရန် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် Kianjoo Can Myanmar Co., Ltd. ၏ အလူမီနီယံထုတ်လုပ်သည့် စက်ရုံ၌ အလူမီနီယံဘူးခွံအမျိုးမျိုးထုတ်လုပ်နေမှုနှင့် Zifan Pyrex Myanmar Co., Ltd. ၌ ဆေးဝါးများထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်ပသို့ တင်ပို့ရာတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရေး၊ စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
