Jun 26, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနလက်အောက်ရှိ ရွှေပြည်သာမြို့နယ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ဇွန် ၂၅ ရက် က မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
Jun 26, 2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill board စိုက်ထူခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခရိုင်အလိုက် မြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ “ဝ” အထူး ဒေသ(၂) မိုင်းပေါက်ခရိုင်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill board စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မိုင်းပေါက်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ကျင်းပသည်။
Jun 26, 2024
“လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကိုပိုမိုမြှင့်တင်ပေး” ဦးတည်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို ဇွန် ၂၅ ရက် မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jun 26, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)တို့မှ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ လေ့လာရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ယွန်းပညာကောလိပ် (ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)တို့မှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 26, 2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ တက်ရောက်အားပေးသည်။
Jun 26, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သည်။
Jun 26, 2024
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
Jun 26, 2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ကျင်းပသည်။
Jun 26, 2024
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။
Jun 26, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
Jun 26, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံ (Shanghai Cooperation Organization Forum on Traditional Medic-ine) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
Jun 26, 2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jun 26, 2024
ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေ ဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိခရိုင် တရားရုံးရှေ့၌ ကျင်းပသည်။
Jun 26, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်မေတ္တာဆုမွန်ကောင်း တောင်းလိုက်ပါသည်။
Jun 26, 2024
(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Saad S. K. Al-Moraikhi နှင့်လည်းကောင်း တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ သီးခြားစီတွေ့ဆုံသည်။
Jun 26, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 26, 2024
အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်တွင် အာမခံထားရှိသူများအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများအား ကံစမ်းမဲဖောက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းနှင့် တာဝန်ရှိသူများ၊ အာမခံထားရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 26, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံစိန့်ပီတာစဘတ်မြို့၌ “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ကျင်းပမည့် နိုင်ငံတကာညီလာခံ (International Conference) နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာ ဖိုရမ် (XII St. Petersburg International Legal Forum) သို့ တက်ရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Jun 26, 2024
ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီး၏ သုံးပုံတစ်ပုံခန့်သည် ကုန်းမြေဖြစ်ပြီး နှစ်ပုံကျော်သည် ပင်လယ်သမုဒ္ဒရာရေထုကြီးဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အတိအကျ ဆိုလျှင် ကုန်းမြေ ၂၉ ရာခိုင်နှုန်း၊ ရေထု ၇၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။ ကျယ်ပြောလှသည့် ရေထုကြီးကို အမှီပြု၍ လူသတ္တဝါများရှင်သန်ရပ်တည်နိုင်ရေးနှင့် အကျိုးပြုဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
Jun 26, 2024
လူသည် သဘာဝအားဖြင့် အစုအဖွဲ့နှင့် နေထိုင်တတ်သော သတ္တဝါတစ်မျိုးဖြစ်သည်။ အစုအဖွဲ့အတွင်း မွေးဖွားကြီးပြင်းကာ ရှင်သန်ကြရခြင်းဖြစ်သည့်အလျောက် အများနှင့်လိုက်လျောညီထွေစေရန် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ စသည်တို့ ချမှတ်ရေးဆွဲလိုက်နာကြရသည်။ စည်းကမ်းသည် ဥပဒေ၏ အစဖြစ်ပြီး ငယ်စဉ်ကတည်းကပင် လိုက်နာတတ်စေရန်၊ စည်းကမ်းနှင့်လူတစ်သားတည်းကျစေရန် လေ့ကျင့်သင်ကြားပေးကြရသည်။ လူတစ်ဦးချင်းတွင် စည်းကမ်းကောင်းမွန်သူသည် တိုးတက်ကြီးပွားသကဲ့သို့ စည်းကမ်းကောင်းသည့် မိသားစု၊ စည်းကမ်းကောင်းသည့် နိုင်ငံနှင့်လူမျိုးတို့သည်လည်း တိုးတက်ကြီးပွားကြသည်။