Skip to main content

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော် ရုပ်သံလိုင်း (City Channel) ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဟားခါး    ဖေဖော်ဝါရီ      ၂၃

ချင်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအသုံးချနိုင်ရန်အတွက် မတည်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆောင်ရွက်ခဲ့ကြသည့် ခရိုင် ၊မြို့နယ်ရုံးများ စံပြဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ နည်းပြများအား ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုသည့် ဂုဏ်ပြုညစာစားပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၆နာရီက ချင်းပြည်နယ် ဟားခါးမြို့ ခိုင်ကမ်း အားကစားရုံ၌ ကျင်းပပြုလုပ်သည်။   

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတောရိုးစုံ တံတားသစ်အား ၂၀၂၀ ပြည့်နှစ် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မုဒုံ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် မုဒုံမြို့ စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစာရိယနှင့် (၆၂) ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ် က္ကုစ္ဆာသယသာသနာ့ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ  ၂၃

ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ်  အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက် မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ကျောက်ကြီး ဖေဖော်ဝါရီ   ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောက်ကြီးမြို့နယ် မဲပုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာ၌ ယနေ့နံနက်၁၀နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများသည် ပန်းပွဲတော်တွင် စိုက်ပျိုးထားသည့် ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံအလှကို ခံစားအပန်းဖြေရင်း အထူးစည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လှေလှော်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့ နံနက်က သတ်မှတ်ထားသည့် နေရာများ၌ ဆက်လက်ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပရာ ရိုးရာလှေပြိုင်ပွဲတွင် (အပေါ်ပုံ) အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀၊ မီတာ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

သာစည် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာတွင်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ၊ သဲပုံကျေးရွာအုပ်စု သဲပုံ၊ ရင်ဇင်း၊ သဲကုန်းကျေးရွာ၊ သာဂရကျေးရွာအုပ်စု သာဂရကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို  ယမန်နေ့က  အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်