Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
ချင်းပြည်နယ်(မြောက်ပိုင်း) မင်းတပ် ခရိုင် မတူပီ - ပလက်ဝလမ်းပေါ် ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) သည် တံတားတည် ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ အသုံးပြုသွားလာနိုင်ရန် မကြာမီဖွင့်လှစ်တော့မည် ဖြစ်သည်။
Feb 08, 2020
နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံတွင် (၆) ကြိမ်မြောက်ကျင်းပမည့် ဂျပန်-မြန်မာပွဲတော် ၂၀၂၀ အကြို ညစာစားပွဲ အခမ်းအနားကို ယနေ့ည (၇) နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသည်။
ညစာစားပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရိုမာရုရာမ က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
Feb 08, 2020
(၈-၂-၂၀၂၀ ရက်နေ့၊ ည (၁၀း၅၀) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် (၄၂၁/ဒီ) ၌ ကျင်းပသည်။
Feb 08, 2020
" ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီ" ဆိုသည့်အတိုင်းတောင်တန်း၊ ပြည်မ ခွဲခြားခြင်းမရှိဘဲ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်လာရေး အတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းအားထုတ် ကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် တိုက်တွန်းပြောကြားထားသည်။
Feb 08, 2020
နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံတွင် ကုမ္ပဏီအဖွဲ့အစည်းများက ထုတ်ဝေသော ကော်ပိုရိတ်ငွေချေး စာချုပ်ဈေးကွက်အစပျိုး ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် IFC တို့အကြား နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့် စာလွှာ (Advisory Engagement Letter) အား လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
Feb 08, 2020
နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စတုတ္ထအကြိမ် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ရုံး၌ ကျင်းပသည်။
Feb 08, 2020
နေပြည်တော် ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်း နေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ စုံနံ့သာမြိုင်ဆွေမြို့တော်၊ မြိုင်ကြီးငူ အထူးဒေသသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှု ညှိနှိုင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
(၆) ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည် ဆိုင်ရာ ဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Wyndham Grand Yangon Hotel ၌ ကျင်းပ သည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌ ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) သို့ တက်ရောက်သည်။