Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ မှဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ (ILO)မှ နည်းပညာအကူအညီပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယနေ့တွင် နေပြည်တော်ရှိ လူမှုဖူလုံရေးရုံးချုပ် အစည်းအဝေးခန်းမ၌ နှစ်ဖက်တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးကြသည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၇
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 27, 2020
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနေသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ တည်ထောင်မှုသက်တမ်း နှစ် ၁၀၀ တင်းတင်း ပြည့်မည်ဖြစ်ရာ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနား ပွဲလမ်း သဘင်ကြီးများကိုမူ လာမည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပသွားမှာလည်း ဖြစ်သည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel ၌ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျူ့ (DIPD) အဖွဲ့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၇
Feb 27, 2020
မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းတို့မှ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များအား ယမန်နေ့ နေ့လယ် ၂ နာရီက မကွေးခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 27, 2020
ဖလမ်း ဖေဖော်ဝါရီ ၂၇
ဂျပန်လေကြောင်းပညာရှင် Strengthening of Civil Aviation Safety Oversight in the Republic of the Union of Myanmar Project မှ Akira HAHRDA ဦးဆောင်သော ပညာရှင်များသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ် တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဆူရ်ဘုန်လေဆိပ် စီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2020
မန္တလေး ဖေဖော်ဝါရီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ပုံနှိပ်တိုက်များသို့ သွားရောက်၍ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။