Skip to main content

Mar 08, 2020

စေတုတ္တရာ မတ် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အများပြည်သူ ဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose  Shelter အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2020

လွိုင်ကော် မတ် ၈

ကယားပြည်နယ်လုံးဆိုင်ရာ (၁၉)ကြိမ်မြောက်၊ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်း ရင်းသား / တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2020

မြစ်ကြီးနား မတ် ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးကောလိပ်၏ (၂၂) ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် (၈)နာရီခွဲတွင် ပညာရေးကောလိပ်၊ အာကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
(၁၈-၂-၂၀၂၀ ရက်နေ့မှအဆက်)
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ ဓာတ်ပုံတွေ့ဖူး
တယ်။
ဦးခင်ဇော် ။ ။ အဲဒီတော့ဟိုဘက်မှာ အောင်ဇေ
ယျ ရုပ်ရှင်က ခေတ်ကောင်းနေ တော့ ဦးခင်မောင် အပ်ပါးဘားမား။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော် မတ် ၇

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော်မရှင် ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး (ဝဲပုံ) အခြေခံလေ့ကျင့် ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ဘားအံ မတ် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများ ရောင်းဝယ်ဖောက်ကားမှု လျင်မြန်လွယ်ကူစေရေးအတွက် အကျိုးရှိစေမည့်  ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာလမ်းပေါ်ရှိ ဖအွံချောင်းအား ဖြတ်ကျော်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် တံတားပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော်  မတ်  ၇

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ရန်ကုန် မတ် ၇

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသောလ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။ သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။

ဆက်လက်ဖတ်ရှုရန်