Oct 11, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်အစည်းအဝေးခန်းမ၌ စာတည်းမှူးချုပ်များ၊ စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Oct 11, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ Hybird စနစ်ဖြင့် ကျင်းပသည်။
Oct 11, 2024
“စာမတတ်လျှင် အကန်း”ဟူသော မြန်မာ့ဆိုရိုးစကားသည် ပညာ၏တန်ဖိုးကြီးမားပုံကို ထိရောက်စွာဆိုထားခြင်းဖြစ်သည်။ စာမတတ်သူသည် အသိပညာဗဟုသုတတို့ကို မလေ့လာ၊ မဆည်းပူးနိုင်သဖြင့် အမှောင်အတိကျသကဲ့သို့ အကန်းနှင့်တူနေပုံကို တင်စားထားခြင်းဖြစ်သည်။ စာတတ်မှသာ အသိပညာဗဟုသုတများကို ဆည်းပူးလေ့လာပြီး မိမိကောင်းကျိုး၊ လောကကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။
Oct 11, 2024
တရားမဝင်ကုန်သွယ်မှုများကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားသွားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာကာလအတွင်း အမှုတွဲ ၁၄၆၅၉ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀ ဒသမ ၀၂၈ ဘီလီယံ ဖမ်းဆီးရမိခဲ့ရာ နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်ပါက ယင်းပမာဏမှာ အနည်းငယ်မျှသာ ဖြစ်နေသည်။
Oct 10, 2024
မြန်မာနိုင်ငံမှ ဒုတိယအကြိမ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chief's Meeting (18th ANCM) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ ယာယီရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Sam Sokha ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် Rear Admiral Pham Nhu Xuan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံတပ်မတော်မှ ဒုတိယကြည်းတပ်ဦးစီးချုပ် Major General Vanthong Bouttavong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံရေတပ်မှ Vice Admiral Puchong Pradittheera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၊ အင်ဒိုနီးရှားနိုင်ငံရေတပ်မှ Captain Taufik Darlem ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မလေးရှားနိုင်ငံရေတပ်မှ Captain Mohd Irwan Bin Che Mohd Rani ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ဖိလစ်ပိုင်နိုင်ငံရေတပ်မှ Colonel Jose P Navarro ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြရာ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် အေးမင်းထွေး၊ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Oct 10, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 10, 2024
မြန်မာနိုင်ငံမှ ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief's Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
Oct 10, 2024
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျွန်းတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်တစ်ပါးသည် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
Oct 10, 2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ညောင်လေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယာယီနေရပ်စွန့်ခွာသူ ၁၀၀ ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 10, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief's Meeting) သို့ တက်ရောက်ကြမည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Oct 10, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့(CPU)၏ တတိယအကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Oct 10, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 10, 2024
နေပြည်တော် သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။
Oct 10, 2024
ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Oct 10, 2024
Khit Thit Media အမည် Facebook Page တွင် အောက်တိုဘာ ၁ ရက်က နိုင်ငံတစ်ဝန်းအကျဉ်းထောင်များတွင် ဆေးကုသခွင့်မရရှိ၍ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၁ ဦး၊ CDM ရဲတစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
Oct 10, 2024
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ယာခင်းထဲ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Oct 10, 2024
Mizzima News in Burmese အမည်ခံ Facebook Page တွင် အောက်တိုဘာ ၃ ရက်က ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း ထောင်ထဲတွင်ခြေထောက်ကျိုး၍ ဆေးကုသမှုခံယူ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား မဟုတ်မမှန်လုပ်ကြံရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
Oct 10, 2024
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် နေထိုင်သော ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူ ရွှေအုပ်စိုးတို့မှာ နေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေပြီး ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသုံးလုံးနှင့် မော်တော်ယာဉ်တစ်စီးတို့မှာလည်း ပျောက်ဆုံးနေသောအမှု ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သည်။
Oct 10, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။