Oct 11, 2024
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန်လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စတင်ပြေးဆွဲလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှုများပြားကြောင်း သတင်းရရှိသည်။
Oct 11, 2024
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက် နေ့ အထိ (၁၅) ရက်ကြာ ဆောင်ရွက်လျက်ရှိနေပြီး ယနေ့ (၁၁)ရက်မြောက်နေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိပါသည်။
Oct 11, 2024
မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
Oct 11, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
Oct 11, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Oct 11, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် ဝေယံထက်(ခ) နောင်ပြဲ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ကျေးရွာအုပ်စု မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း (ခ) မင်းမင်း၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၉၅၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် မေတ္တာလမ်းနေ မကြူကြူလှိုင် (ခ) ဖားကြီး၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၀၊ အိုက်စ် သုည ဒသမ ၀၂ ကီလိုကိုလည်းကောင်း။
Oct 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 11, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာသို့ရောက်ရှိပြီး မြစိမ်းရောင်နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့များနှင့်တွေ့ဆုံ၍ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေး၊ ဈေးကွက်ရရှိရေး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီပံ့ပိုးဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ အစုအဖွဲ့များ၏ နွားမွေးမြူထားမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့်တွေ့ဆုံကာ သင်ကြားရေးဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 11, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။
Oct 11, 2024
၁၃၈၆ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
Oct 11, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂) ခုရှိရာ ယနေ့၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၈၅) ပေ ကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ ယခင်နေ့ထက် (၀ ဒသမ ၀၂) ပေ လျော့နည်းခြင်းဖြစ်သည်။ ရေပိုလွှဲ၏ ကန်ရေပြည့်ရေမှတ်အထက်တွင် HED ရေတံခါး (၄) ချပ် ထောင်ထားသည်။
Oct 11, 2024
Khit Thit Media အမည် Facebook Page တွင် အောက်တိုဘာ ၆ ရက်က မုံရွာထောင်တွင် ဖမ်းဆီးအကျဉ်းကျခံနေရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက စစ်ကောင်စီလက်အောက်တွင် တာဝန်ပြန်ထမ်းဆောင်ရန် အကျဉ်းဦးစီးဌာနက ဖိအားပေးစည်းရုံးနေခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
Oct 11, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံ) အား မူလ ၂ လမ်းသွား မှ ၄ လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
Oct 11, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ် မကျီးဇင်ကျေးရွာ၌ တရားမဝင် စက်သုံးဆီ ပီပါ ၄၀၊ စားသောက်ကုန်ပစ္စည်းငါးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 11, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 11, 2024
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့်ဧရိယာများမှ စပါး၊ ဆီထွက်၊ ပဲ၊ ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍ ပညာပေးနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မိဘမေတ္တာပွဲရုံ၌ ကျင်းပသည်။
Oct 11, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။