Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအရောင်းဆိုင်၌ ကျင်းပသည်။

ဦးစွာ ဝန်ထမ်းသက်သာအရောင်းဆိုင်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဝန်ထမ်းသက်သာအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဖွင့်ပွဲကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ခတ္တာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုဝန်ကြီးထံ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်