Skip to main content

Dec 31, 2024

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2024

မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးများသည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ စသည့် မြို့ပြများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ရာပေါင်းများစွာကပင် ကိုယ့်ယဉ်ကျေးမှုနှင့်ဂုဏ်ယူစွာနေထိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2024

ယနေ့သည် ကမ္ဘာသုံးပြက္ခဒိန်နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ဖြစ်၍ ညဉ့်လယ်သန်းခေါင်ယံ၏ ဟိုမှာဘက်တွင် နှစ်သစ်တစ်ခုစဦးတော့မည်ဖြစ်သည်။ အနာဂတ်ဆီသို့ တစ်သမတ်တည်းစီးဆင်းနေသည့် အချိန်စီးကြောင်းကြီးကို စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လတို့ ပိုင်းခြားသတ်မှတ်ကာ လူရေး လူမှု လူ့ကိစ္စတို့အတွက် အမှတ်အသားပြုသုံးစွဲနေကြသည့်တိုင် လူတစ်ဦးချင်းစီအတွက် ကိုယ်ပိုင်အချိန်မှာ မွေးသည်မှ သေသည်အထိဖြစ်သော ဘဝဖြစ်တည်ချိန်၊ ရှင်သန်ချိန်သာလျှင်ဖြစ်သည်။ ဗုဒ္ဓ၏တရားတော်အရဆိုလျှင် ပစ္စုပ္ပန်၏ အခိုက်အတန့်ကလေးများသည်သာ ကောင်းမှု၊ မကောင်းမှုတို့ကို ဆောင်ရွက်နိုင်သည့် ကိုယ်ပိုင်အချိန်ကလေးများဖြစ်ပြီး ပြီးဆုံးသွားသည့်အတိတ်နှင့် ရောက်မလာသေးသည့် အနာဂတ်တို့မှာ မိမိတို့မပိုင်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူများက ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခြင်း၊ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကို ရိုက်ကူး၍ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကိုလည်း ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်နှင့်ပတ်သက်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ သဘောထားထုတ်ပြန်ကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကံကလေးကျေးရွာအုပ်စု ကံကလေးကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ပေ ၁၁၈၀ ကွန်ကရစ်ပေါင်စီ၊ မြေရောကျောက် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းရှိ အဆိုပါတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမများ၊ ဘွဲ့ခံ ကျောင်းသား ကျောင်းသူများနှင့် မိသားစုများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပသည့် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ၂ ၌ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

ယနေ့ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုး တန်ဖိုးထားသည့် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူး အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဥပဒေအာဏာတည် အသက်ဝင်စေခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ ဗဟိုအဖွဲ့က အတည်ပြုခန့်အပ်ပေးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာသင်တန်းဆင်းပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2024

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးအဖြစ် စာရင်းဝင်သည်။ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာတွင် စတင်တောက်လောင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခမီးတောက်မီးလျှံများမှာ ၇၇ နှစ်တာ ကာလတစ်လျှောက် နည်းခြင်းများခြင်းသာရှိခဲ့ပြီး လုံးဝချုပ်ငြိမ်းသွားသည်ဟူ၍ မရှိခဲ့။ ရလဒ်မှာ နိုင်ငံမတိုးတက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုနွံထဲ ကျရောက်နေရခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2024

ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Dec 29, 2024

ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်