Jun 08, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 08, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများအား လက်မခံသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာ နှင်းဆီအိမ်ရာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ အမှတ်(၁၄၂)ရှိ ၎င်း၏နေအိမ်များတွင် M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ စုစုပေါင်း သေနတ် ၁၇၈ လက်နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်၊၊
Jun 08, 2022
၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု (ခ)ဂျင်မီအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။
Jun 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 08, 2022
တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများအားလုံးသည် မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းပင်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့၏ဆန္ဒအလျောက် တပ်မတော်အတွင်း ဝင်ရောက်လာကြသူများဖြစ်သဖြင့် မိမိကိုယ်ကို ဂုဏ်ယူပြီး တန်ဖိုးထားကြရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုမိမိ တိုးတက်အောင် အမြဲလေ့လာလေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများ၊ အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများ၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Jun 08, 2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Jun 08, 2022
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်ဖီနှင့် လက်ဖက်သီးနှံ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူအစုအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အားပေးကူညီ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 08, 2022
ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တန်ဖိုးမြင့်သီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်လာရေး၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ အရည်အသွေးမြင့် ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာနှင့် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိက လယ်ယာစီးပွားရေးလုပ်ငန်းရှင်များ အပိုင်းကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ကွက်ငယ် တောင်သူများကို လက်တွဲခေါ်ယူပြီး ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက် တစ်ပြိုင်တည်း တိုးတက်ထုတ်လုပ်နိုင်သော လယ်ယာစီးပွား လုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးမှာကြားသည်။
Jun 08, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
Jun 08, 2022
တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ ကို ယနေ့နံနက် ၉ နာရီတွင် ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။