Oct 16, 2020
အထွေထွေရွေးကောက်ပွဲတွင် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများနှင့် COVID- 19 ကုသရေး ဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသောကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 16, 2020
အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (International Center for Integrated Mountain Development - ICIMOD) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟိန္ဒူကပ်ရှ် ဟိမဝန္တာဒေသတွင်းဝန်ကြီးများ၏ တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်း အဝေး- ၂၀၂၀ ခုနှစ် (Hindu Kush Himalaya Ministerial Mountain Summit 2020)ကို ယနေ့နံနက်ပိုင်းက Video Conferencing ဖြင့် ကျင်းပသည်။
Oct 16, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 16, 2020
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်သစ်နိုင်ငံမှ ကိုဗစ် - ၁၉ ရောဂါ ကုသရေးတွင် အသုံးပြုရန်အတွက် ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 16, 2020
တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ကြသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မတူကွဲပြား မှုများကို အသိအမှတ်ပြုပြီး ပေါင်းစည်း အင်အားဖြင့် စုစည်းတည်ဆောက်နိုင်ရန်မှာ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင် ရန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို မဖြစ်မနေဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ယင်းကိုတည်ဆောက်နိုင်ရန် အတွက် နှစ်ပေါင်း ၇၀ကျော်ကြာပြီဖြစ်သည့်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Oct 16, 2020
ဘဝမှာ ဘာအရေးကြီးဆုံးလဲဟူသည့် မေးခွန်းသည် ဘဝ၏ ဦးစား ပေးအစီအစဉ်ကို မေးမြန်းခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဘဝ ကား အခြေအနေအမျိုးမျိုးတွင် အဖြေအမျိုးမျိုး ရှိနိုင်သည်။ ယုံကြည်ချက်ကို စူးစူးစိုက်စိုက်ထားကာ အားထုတ်နေသည့် တိဟိတ် ပုဂ္ဂိုလ်မျိုးကလွဲလျှင် သည်အဖြေကို ယတိပြတ်ပြောဖို့ ခက်မည်။ စားဝတ်နေရေးသည်လည်းကောင်း၊ အသက်ရှင်သန်မှုသည် လည်းကောင်း အရေးကြီးသည်ဟု ဆိုကြမည်။ အသက်ထက် အရှက်ကအရေးကြီးသည်၊ အသက်ထက် ဂုဏ်သိက္ခာက အရေးပို ကြီးသည် စသည်ဖြင့် အခြားအခြားသော အဖြေများလည်း ရှိနိုင် သည်။ ချမ်းသာကြွယ်ဝရေး လောကီသုခသည် အရေးကြီးသည် ဟူသည့် အဖြေလည်းရှိမည်။ ယုံကြည်ချက်ပေါ်တွင် မသွေမဖည် ရပ်တည်နေသူအဖို့ သေချင်သေသွားပါစေ၊ ယုံကြည်ချက်ကိုဖြင့် သစ္စာမဖောက်ဟူသည့် ယုံကြည်ချက်သာ အရေးကြီးသည် ဟူသည့် အဖြေမျိုးလည်း ရှိနိုင်၏။
Oct 15, 2020
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲ ကျင်းပရာ နေရာများ၌ သတင်းမှတ်တမ်း ရယူဆောင်ရွက်မည့် ဝန်ထမ်းအင်အား စုစုပေါင်း ၇၈၂ ဦး စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
Oct 15, 2020
၁။ မလေးရှားနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကြောင့် အခက်အခဲကြုံတွေ့နေကြသော အထောက်အထားမဲ့၊ တရားမဝင်မြန်မာနိုင်ငံသား(၉၈)ဦးနှင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား (၄၀) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၁၃၈)ဦးတို့အား ၁၅-၁၀-၂၀၂၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အထူး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယင်းနေ့ မွန်းလွဲ (၃) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။
Oct 15, 2020
အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ ကျင်းပ
Oct 15, 2020
အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ (ASEAN-UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို ယနေ့နံနက် ၈ နာရီတွင် Zoom Webinar စနစ်ဖြင့်ကျင်းပသည်။
Oct 15, 2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၃၈၂) ဦး နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၀၅၄) ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။
Oct 15, 2020
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund - IMF)၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာန၏ High-level Meeting on the Regional Economic Outlook ကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 15, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ
Oct 15, 2020
ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ ဒေသခံပြည်သူများ လူမှု၊ စီးပွား၊ ဘဝဖွံ့ဖြိုးတိုးတက် စေရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့်လမ်းများ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။
Oct 15, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဗုဒ္ဓသာသနာ့ဆေးရုံးနှင့် ဆောက်လုပ်ပြီး အဆောက်အအုံသစ် (၂) လုံးအား ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသည့် သံဃာတော်များ ဆေးကုသမှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပါမောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များနှင့် လိုအပ်ချက်ရှိသည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
Oct 15, 2020
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ဆေးရုံကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ICU, HDU ကုသဆောင်များအဖြစ် ယနေ့တွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Oct 15, 2020
အမျိုးသားစာပေဆုရှင် စာရေးဆရာ၊ သတင်းစာဆရာ တက္ကသိုလ်စိန်တင်သည် အောက်တိုဘာ ၁၃ ရက်ညနေတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
Oct 15, 2020
အမျိုးသားစာပေဆုကို ‘သံကြီးတမန်ကြီး သံခင်းတမန်ခင်း’ စာအုပ်ဖြင့် ရရှိခဲ့သည့် သံအမတ်ကြီး(ငြိမ်း) ဦးအောင်သန့် (၁၉၃၀-၂၀၂၀) သည် အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀: ၃၀ နာရီတွင် အမှတ် ၄၆၊ အောင်ဇေယျ လမ်း၊ ဘောက်ထော်နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
Oct 15, 2020
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေး အတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်
Oct 15, 2020
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၃၆၉ စီး၊ သွင်းကုန် ၂၀၅ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၇၅ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။