Skip to main content

Jan 12, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၄ ဦး၊ အမျိုး သမီး ၁၁၁ ဦး၊ စုစုပေါင်း ၂၄၅ ဦးနှင့် ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူသော မီးသတ်ယာဉ် ၁၁ စီး လွှဲပြောင်းပေးအပ်ခြင်းနှင့် လေ့ကျင့်ရေးမျှော်စင် (RESCUE Training Tower) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရာတွင် နယ်ချဲ့ လက်သစ်များ၏ သွေးထိုးသပ်လျှိုပေးမှုနှင့် ပြည်ပအားကိုးအမျိုးသား သစ္စာဖောက်များက တိုင်းပြည်ပျက်စီးရေးကို အမျိုးမျိုး နှောင့်ယှက်လုပ်ကိုင်လျက်ရှိသည်။ တိုင်းပြည်အတွင်း၌ ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ အချင်းချင်းစိတ်ဝမ်းကွဲပြားပြီး တည်ငြိမ်အေးချမ်းမှု မရှိရေး တို့ကို တစိုက်မတ်မတ် လုပ်ကိုင်ဖျက်ဆီးနေကြသည်။ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက်ဆောင်ရွက်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အလှမ်းဝေးနေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဟူသော အချက်တစ်ချက်လည်း ပါဝင်သည်။ နိုင်ငံတော်တာဝန်ကို ယူထားစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့် တုံ့ဆိုင်းမသွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များ အား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်