Skip to main content

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)၏ သက်ကြီးသတင်းစာဆရာများအား ဂါရဝပြုကန်တော့

ရန်ကုန် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) က ကြီးမှူးကျင်းပသော ပထမအကြိမ် သက်ကြီးသတင်း စာဆရာများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကြီး ငါးကြီးဘုရား၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဒေါက်တာဇော်သန်းက မုဒိတာ စကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပူဇော်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သက်ကြီးသတင်းစာဆရာများအား ကန်တော့ ခံပစ္စည်းများဖြင့် ဂါရဝပြုကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးသတင်းစာဆရာများကိုယ်စား မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)၏ ဂုဏ်ထူးဆောင် နာယက ဦးယဉ်ကျော်က သြဝါဒစကား ပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီး သတင်းစာဆရာများအား သွားရောက်ကန်တော့ကြမည် ဖြစ်သည်။ အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ ကျင်းပခြင်းဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ

အာကာလင်း