Skip to main content

Jan 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အရာထမ်း၊ အမှုထမ်း ၄၅ ဦးတို့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက် လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော်မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများကို နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏ နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၂၁၂ ဦးတို့သည် ၎င်းတို့ နေရပ်အသီးသီးသို့ ထပ်မံပြန်လည် ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် တရားမဝင်သစ်မျိုးစုံ (၇၀ ဒသမ ၆၃၉၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၈၄၁,၂၉၁) အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး ကယားပြည်နယ် လွိုင်ကော်မြို့နယ် အတွင်း၌လည်း အများပြည်သူတို့ အသုံးပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း၊ မြို့နေပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်း အပါအဝင် အခြားအကြမ်းဖက်မှု လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကယားပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသန္နိဋ္ဌာန်ကို အမှန်တကယ် ဖော်ဆောင်နိုင်ရန် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ရသည်မှာ လာမည့်ဖေဖော်ဝါရီလ ၁ရက် နေ့တွင် တစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့် စပ်လျဉ်း၍ ဆန္ဒပြမှုများမှတစ်ဆင့် ရုန်းရင်းဆန်ခတ်မှုများ၊ ဆူပူဖျက်ဆီးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖောက်ခွဲဖျက်ဆီးသတ်ဖြတ်မှုများ အဆင့်ဆင့်တို့ ပြီးခဲ့ သည့် တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်တွင်လည်း ၂၀၂၀ ပြည့်နှစ်အစောပိုင်းကပင် မြန်မာနိုင်ငံသို့ကူးစက်ဝင်ရောက် ပျံ့နှံ့လာခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါလှိုင်း အရှိန်မြှင့် ရိုက်ခတ်လာသည့် အခြေအနေတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာ၌ ပြုလုပ်သည့် ကျေးရွာအခြေပြု ခရီးသွား လုပ်ငန်း Community Based Tourism ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဈေးတန်း)သို့ ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ထိန်းချုပ်/ ကာကွယ် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်အပေါ် အလေး အနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (တောင်ငူ)သို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

၁။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ ဘွဲ့ကြို သင်တန်းအသီးသီးကို (၃-၂-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2022

ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ပြန်လည်ချမှတ်ခြင်း ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ -၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်