Jul 31, 2022
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ထိုင်းရုပ်မြင်သံကြားအစီအစဉ်များတွင် ထုတ်လွှင့်ပြသရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ထိုင်းခရီးသွားဈေးကွက် ပိုမိုရရှိရေး မြှင့်တင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံရှိ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် MONO 29၊ Channel5၊ THAIRATH၊ Workpoint စသည့် ထိုင်းနိုင်ငံရုပ်သံမီဒီယာအဖွဲ့များကို လက်ခံတွေ့ဆုံသည်။
Jul 31, 2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 31, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း နည်းပြသင်တန်း၌ တတ်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်သင်တန်းသား အရာရှိများနှင့် တွေ့ဆုံသည်။
Jul 31, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 31, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီဌာနပေါင်းစုံ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဝန်ထမ်းများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကိုယ်စားပြု ဘောလုံးအားကစားသမား နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 31, 2022
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာကြသူများ တက်ရောက်ကြသည်။
Jul 31, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Jul 31, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jul 31, 2022
ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက် များ၊ Feedback Meeting နှင့် လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(WMD)ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပသည်။
Jul 31, 2022
၂၀၁၉ - ၂၀၂၀ နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ စစ်မှုထမ်းဟောင်း မိသားစု ဝင် သား/ သမီး ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Jul 31, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 31, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်အတွင်း ကုမ္ပဏီ လေးခု၊ ယာဉ်စီးရေ ခြောက်စီးဖြင့် နှာခေါင်းစည်း(Mask) ၄၂ ဒသမ ၁၃ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
Jul 31, 2022
ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းလာအောင် ပြည်သူများက ပါဝင်ဖော်ဆောင်ကြရမည်ဖြစ်သည်။ အင်အားနည်းပါးချို့တဲ့နေသောအခါ၌ အခြားတစ်ပါး၏အကူအညီကိုယူအပ်ပြီး အတိုင်းအတာတစ်ခုတွင် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရမည် ဖြစ်သည်။ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးရာ၌ စည်းလုံးညီညွတ်မှုသည် မရှိမဖြစ်လိုအပ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက မိမိတို့ကံကြမ္မာကို မည်သည့်အခါမျှ ဖန်တီး၍ရမည်မဟုတ်ဘဲ အကွဲကွဲအပြဲပြဲဖြင့် အဆိုးသံသရာတွင် လည်နေရမည်ဖြစ်သည်။
Jul 31, 2022
ကမ္ဘာပေါ်တွင် နိုင်ငံများရပ်တည်မှုက ယှဉ်ပြိုင်မှုဖြင့် ရပ်တည်နေကြရခြင်းဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသူတို့ကသာ တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့တက်လှမ်းသွားနိုင်ကြပြီး ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့သူတို့မှာ အောက်တန်း၌သာ ကျန်နေရစ်ခဲ့ရသည်။ နိုင်ငံတွင် မည်သည့်သဘာဝသယံဇာတမျှ မထွက်သည့်အတွက် အဓိကအကျဆုံးသော လူ့စွမ်းအားအရင်းအမြစ်ကို ပြုစုပျိုးထောင် မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်သော နိုင်ငံများအဖြစ် ရပ်တည်နိုင်သည့်နိုင်ငံများကို မိမိတို့အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၌ပင် တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်ရပ်တည်နိုင်မှု စွမ်းရည်ဆိုသည်မှာ ထိုနိုင်ငံရှိ လူ့စွမ်းအား အရင်းအမြစ်၏ အရည်အချင်းပင်ဖြစ်ရာ အရည်အချင်းမြင့်မားသည်နှင့်အမျှ ယှဉ်ပြိုင်နိုင်စွမ်းလည်း မြင့်မားမည်ဖြစ်သည်။
Jul 30, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Jul 30, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 30, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်
Jul 30, 2022
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
