Skip to main content

Aug 19, 2023

အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံ၏ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံလာဘွန်ဘာဂျိုးမြို့၌ ကျင်းပမည့် (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2023

ကချင်ပြည်နယ်ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်မနမှော်ရှိ ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တစ်ခုတွင် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေကန်အတွင်း ရေမျောနစ်မြုပ်နေသော ရေမဆေးကျောက်ရှာဖွေနေသူများ မြေပိပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ မြေပိပျောက်ဆုံးနေသူများအား ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့တွင် မြေပိသေဆုံးသူ ၃၃ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2023

ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါယာဉ်မတော်တဆဖြစ်မှုများကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများလျော့နည်းကျဆင်းသွားရန်၊ ယင်းမှတစ်ဆင့် လုံးဝပပျောက် သွားစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC) သည် National Road Safety Action Plan (2021- 2030) နှင့်အညီ မြန်မာနိုင်ငံ၏ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

 ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့ရာ အဆိုပါဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့်စကားလုံးအသုံးအနှုန်းများ ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

အကြမ်းဖက်သမားများက အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများလုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မန္တလေးမြို့မှရန်ကုန်မြို့သို့ထွက်ခွာလာသည့် စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားအား ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၇-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

​​​​​​​နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၇ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်သူ များအနက်မှတချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

​​​​​​​၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများကို ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများတည်ဆောက်၍ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂)ကို “စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့မွန်းလွဲပိုင်းက Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန်ပြည်နယ်ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်နယ်မြေသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၁၂) ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) စာအုပ်ကို ထုတ်ဝေလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နျူကလီးယားနှင့် ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပန်ဟတ်ကျေးရွာတွင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးချောင်းစနစ်ဖြင့် မျိုးစပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အေးချမ်းသာစံပြကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဒသမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲလာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ ဒသမမြောက်နေ့ ဩဂုတ် ၁၇ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့်စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်