မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)

နေပြည်တော် မတ် ၁

မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊  ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် စာနာ ထောက်ထားမှု များနှင့် ပူးပေါင်း လုပ်ဆောင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)မိဘ ပြည်သူများ ခင်ဗျား-ကျွန်တော့် အနေနဲ့  ကျွန်တော်တို့ အစိုးရ အဖွဲ့ရဲ့ မူဝါဒများနဲ့ လုပ်ဆောင်ချက်များကို အခါ အခွင့် သင့်တိုင်း မိဘ ပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် ဆက်သွယ် ပြောကြား နေကျဖြစ်တဲ့ အတိုင်း ယခု တစ်ကြိမ် မှာလည်း ကျွန်တော် တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေ များကို မိဘ ပြည်သူများထံ အသိပေး ပြောကြားရခြင်း ဖြစ်ပါတယ်။ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ညစာ စားပွဲရဲ့ ထူးခြားချက် များကို ရှေးဦးစွာ ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ (၆၆) နှစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များဟာ ပထဝီ အနေအထား အရရော ယဉ်ကျေးမှု အရပါ ကြွယ်ဝ စုံလင်လှတဲ့ ပြည်ထောင်စုကြီး တစ်ရပ် ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နိုင်ဖို့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အခက်အခဲ အဟန့်အတား ပေါင်းစုံ ရှိနေတဲ့ ကြားထဲ ကနေ ပင်လုံ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပါတယ်။ကျွန်တော့် အနေနဲ့ ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားဟာ ထူးခြားမှု တွေရှိတယ်လို့  ပြောဆိုရခြင်း ကတော့ ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေးရဲ့ရောင်ခြည် သန်းလာမှု နဲ့အတူ ခိုင်မာမှု ရှိလာတဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး ပြန် လည် တည်ဆောက်နိုင်မည့် အလား အလာများကို တွေ့မြင်လာရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခင်ကာလ များက အကြောင်း အမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးနဲ့ သဘောထား ကွဲလွဲမှု အမျိုးမျိုး တွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူထိုင်ဖို့ အခြေအနေ မပေးနိုင် ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီများနဲ့ အဖွဲ့အစည်းများ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ် တော်များ မှ ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် သား ကိုယ်စားလှယ်များ နှင့်အတူ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များလည်း အတူတကွ မျက်နှာစုံညီ ထူးခြားစွာ တက်ရောက် နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။အခုလို ပြည်ထောင်စုနေ့ အနှစ်သာရကို ပိုမို လေးနက်စေတဲ့ ယခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာ အတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာ ဖြစ်ပြီး  အဲဒီလို ကျင်းပနိုင်ဖို့ အတွက်လည်း နှစ်ပေါင်းများစွာ စောင့်စား ခဲ့ရပြီး ပေးဆပ်မှုတွေ အလွန်ပဲ များပြား ခဲ့ရပါတယ်။ အခုလို ကျင်းပနိုင် ခဲ့တဲ့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းစဉ် များကို ကြိုးပမ်း ဆောင်ရွက် နေကြတဲ့ ခေါင်းဆောင်များ အကြား တစ်ဦးနှင့် တစ်ဦး နားလည် ယုံကြည်မှု ပိုမိုခိုင်မာလာ စေတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ကျွန်တော့် အနေနဲ့  နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့  ကာလတစ် လျှောက်လုံးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သာမက ပြည်သူလူထု တွေနဲ့ပါ ထိတွေ့ဆက်ဆံ ခဲ့ရတာ ဖြစ်လို့ ပြည်သူ တွေ ခံစားနေရ တာတွေကို ကျွန်တော့် အနေနဲ့ စာနာနားလည် နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ခေါင်းဆောင်တွေ လက်ဆွဲ နှုတ်ဆက်ရုံ၊ ညစာ စားပွဲတွေ ကျင်းပ နေရုံမျှနှင့် မလုံလောက်ဘူး ဆိုတာ ကျွန်တော့် အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်း အခုလို အစပြု တွေ့ဆုံမှု တွေကနေ တစ်ဆင့် ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည်မှုတွေ ရယူပြီး ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်တွေ တည်ဆောက်ရမှာလည်း ဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ် အောင်ဆန်းရဲ့မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက် လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် များနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကို မျက်နှာစုံညီ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင် ခဲ့ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အတွက် မြန်မာ ပြည်သူတွေ အနေနဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင် တစ်ခုလို့  ပြောလို့ရတဲ့ အမျိုးသားသွေး စည်းညီညွတ်ရေး ရရှိနိုင်ဖို့ ခိုင်မာတဲ့ ခြေလှမ်းသစ် တစ်ခု လှမ်းနိုင်ခဲ့ပြီ ဆိုတဲ့ သတင်းကောင်း ကိုလည်း ပြောကြား လိုပါတယ်။ကျွန်တော့် အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ KIO/ KIA မှ  ခေါင်းဆောင် များကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ အနေနဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲကို ကျွန်တော် တို့နဲ့ အတူတကွ ပျော်ပျော်ရွှင်ရွှင် ကျင်းပလိုစိတ် ပြင်းပြနေမယ်လို့ ယုံကြည်သော်လည်း ကျန်ရှိ နေသေးတဲ့ အခက်အခဲ အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးကြောင့် တက်ရောက် လာနိုင်ခြင်း မရှိကြတာ ကိုလည်း ကျွန်တော်တို့ အနေနဲ့ နားလည် ပေးရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်ကနေ တစ်ဆင့် KIO/ KIAနှင့် ပြည်ထောင်စု အစိုးရတို့ အကြား ယုံကြည်မှုနဲ့ နားလည် မှုတွေ ပိုမိုတိုးတက် ရရှိလာပြီး အပစ်အခတ် ရပ်စဲရေးနှင့် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်း လာမှာကို ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည် ထားပါတယ်။ KIO/KIA ရဲ့ ရွှေလီ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်များ မှာလည်း  စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူ ရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး၊ ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံ အဖြေရှာမယ် ဆိုတဲ့ သဘောထား ရပ်တည်ချက် များကို တွေ့ရတဲ့ အတွက်လည်း ကျွန်တော့် အနေနဲ့ များစွာ ဝမ်းမြောက်မိပါတယ်။တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များ အကြား စစ်ကြောင်း အချင်းချင်း လမ်းမှာ တွေ့ဆုံရာ မှာလည်း ရင်ဆိုင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်းချမ်းစွာ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် လာနိုင်တာကို ဝမ်းမြောက်ဖွယ် တိုးတက်မှုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များကိုလည်း စတင် ပို့နိုင်ပြီ ဖြစ်ပါတယ်။ မကြာမီ ကာလ အတွင်းမှာ KIO/ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အခါမှာ အပစ်အခတ် ရပ်စဲရေး သာမက နိုင်ငံရေး ဆွေးနွေးမှု များကိုလည်း စတင် တက်လှမ်းနိုင် တော့မှာ ဖြစ်ပါတယ်လို့ ပြည်သူများကို အသိပေး ပြောကြား လိုပါတယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေး မှုများကနေ အမျိုးသား အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ အထိ တက်လှမ်း နိုင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြား နိုင်ငံများရဲ့ သာဓကများ၊ အတွေ့အကြုံ များနဲ့ မတူဘဲ ထူးခြားစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်း ၁၅ ဖွဲ့ လောက်နဲ့ တစ်ပြိုင်တည်း ညှိနှိုင်း နေရတာ ဖြစ်တဲ့အတွက် စိန်ခေါ် မှုတွေဟာ ပိုမိုကြီးမားတယ် ဆိုတဲ့ အမှန်တရားကို ရိုးသားစွာ လက်ခံ ထားရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒါတွေကို ကျော်လွှားဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့ မှန်ကန်တဲ့ စိတ်ရင်း စေတနာတွေ ကသာ အဓိက ဖြစ်တယ်လို့ ရှုမြင်ကြောင်း အလေးအနက် ပြောကြား လိုပါတယ်။ တစ်ဆက်တည်း မှာပဲ အဖွဲ့အစည်း မျိုးစုံ အနေနဲ့သော် လည်းကောင်း၊ ပြည်သူ တစ်ဦးချင်း အနေဖြင့်သော် လည်းကောင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များမှာ မိမိတို့ စွမ်းဆောင်နိုင်သည့် ကဏ္ဍအသီးသီး ကနေ ပါဝင်ကြိုးပမ်း လုပ်ဆောင်ကြဖို့ အတွက် လည်း အစီအမံများကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါ တယ်။အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ အားလုံး ပူးပေါင်းပါဝင် နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် ပုံပေါ် လာစေရေးနှင့် အနာဂတ် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တတ် စွမ်းတဲ့ ဘက်ကနေ ပူးပေါင်းပါဝင် နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်ကျန် အကျဉ်းသား စိစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေး ပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့  ဒီကော်မတီဟာ ပွင့်လင်းမြင်သာမှု ရှိရှိလုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီကော်မတီ အနေနဲ့ မတူညီတဲ့ နိုင်ငံရေးခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ်အခြေအနေအရ အကျဉ်းချ ခံခဲ့ရသူ များကို မိသားစု အသီးသီးနဲ့ ပြန်လည်ဆုံစည်း နိုင်ဖို့ အခြား ပြည်သူများ တန်းတူ မိမိတို့ ဘဝကို လွတ်လပ်စွာ ဖန်တီးဖော်ဆောင် နိုင်ဖို့နဲ့ အနာဂတ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ အနေအထား တစ်ခုပေါ် ပေါက် လာတော့မှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မိဘ ပြည်သူများထံ သတင်း ကောင်းပါး လိုပါတယ်။ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်လို့လည်း မိမိတို့ အစိုးရ အဖွဲ့ တာဝန် ယူချိန်က စပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေတာကို မိဘပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုဘိုင်းလ်ဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်း တစ်ရပ်နဲ့ လာမည့် ဧပြီလ အတွင်းမှာ ရောင်းချ ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ယခုကဲ့သို့ ရေတို အစီအစဉ်များကို ဆောင်ရွက်နေတဲ့ နည်းတူများ မကြာမီ ကာလမှာလည်း ဆက်သွယ်ရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း တွေဟာ လာမည့် တစ်နှစ် နှစ်နှစ်အတွင်း အကောင်အထည် ပေါ်လာမှာ ဖြစ်ပါတယ်။လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ တစ်နိုင်ငံ လုံးမှာ ဘွဲ့ရပြီး လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်း အောင်ပြီး သော်လည်း တက္ကသိုလ် ဆက်မတက်နိုင်တဲ့ လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ခွင့် ရခဲ့တဲ့ လူငယ်တေ ွများစွာ ရှိနေပါတယ်။ ဒီလူငယ်တွေ မိမိတို့ နိုင်ငံမှာ အလုပ်အကိုင် ရရှိရေး အတွက်၊ စက်မှု ဇုန်ကြီးတွေ အလုပ်ရုံ၊ စက်ရုံ စုတွေ၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေ စက်မှု လယ်ယာ စိုက်ခင်းကြီးတွေ များစွာ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည် အတွက် မထိခိုက် စေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုတွေကို ဖိတ်ခေါ်ရာမှာ မကြာမီ ကာလအတွင်း ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ပြည်ပမှ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံ လိုသူများ အတွက် အဟန့် အတား အနှောင့်အယှက် မဖြစ်စေရန်၊ ကျွန်တော်တို့ အစိုးရအဖွဲ့ နှင့်အတူ ပူးပေါင်း ဆောင်ရွက် ပေးကြစေ လိုပါတယ်။ကျွန်တော်တို့ အနေနဲ့ ခေတ်မီပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်စေဖို့ ဆိုတာ ပြည်တွင်း အင်အားက အဓိက ကျသလို အထူးသဖြင့် ယနေ့ ကမ္ဘာကြီးမှာ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေ အရ နိုင်ငံများဟာ မိမိ တစ်ဦးတည်း ရပ်တည်ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ကမ္ဘာ့ နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပြည်သူများရဲ့ လူမှုစီးပွား ဘဝတွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စတဲ့ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ လိုအပ် တဲ့ အကူအညီများ ရရှိနိုင်ဖို့ ဥရောပ နိုင်ငံများကို သွားရောက် နေတာ ဖြစ်ပါတယ်။မိဘ ပြည်သူများ ခင်ဗျား-ကျွန်တော့် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များရဲ့ စိတ်ရင်း စေတနာနှင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း ရရှိခဲ့တဲ့  ယုံကြည်မှု တည်ဆောက်နိုင်ခြင်း ဆိုတဲ့ ခိုင်မာမှုတွေနဲ့ မိမိတို့အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစု များ၊ စီးပွားရေး လူမှုရေး အင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အမျိုးမျိုး၊ တပ်မတော် နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် တွေကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အတွက် အတူလက်တွဲ လုပ်ဆောင် ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။ပြုပြင် ပြောင်းလဲမှုများကို ဝိုင်းဝန်း လုပ်ဆောင်ကြ ရာမှာလည်း ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ် လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ လူမှု နိုင်ငံရေး ဘဝများဟာလည်း ကိန်းသေ သဘောမျိုး မဟုတ်ဘဲ ကိန်းရှင် သဘောမျိုး လိုက်ပါပြောင်း လဲ သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အပြောင်းအလဲ များကို လျင်လျင်မြန်မြန် သွက်သွက်လက်လက် Dynamic ဖြစ်အောင် လုပ်ဆောင် ရမှာဖြစ်ပြီး ပြောင်းလဲ မှုတွေနဲ့ လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲဖို့ လိုသလို ပြည်သူ တစ်ဦးချင်း စီကလည်း အချင်းချင်း စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် မှု၊ စာနာ ထောက်ထားမှု တွေနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်မှု ဆိုတဲ့ စွမ်းရည်များလည်း လိုအပ်မှာ ဖြစ်ပါတယ်လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။မိဘ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။