နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ(၄.၅)ပေ ရေကျော်ကျလျက်ရှိ
နတ်မောက် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ မှုကြောင့် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့် အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန မှ သိရသည်။
နတ်မောက်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၈၃)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၇ဒဿမ၅)ပေ ရှိသည့် အတွက် ရေပိုလွှဲမှ ( ၄ဒဿမ၅ )ပေ ရေကျော်ကျလျက်ရှိပြီး ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင် ကောင်းမွန် သည့်အတွက် စိုးရိပ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ် လျှောက်ရှိ ကျေးရွာနေ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု၍ အချိန်နှင့် တစ်ပြေးညီအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း