ဖျာပုံ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့မှ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်ချပေးရေး၊ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊အခြေ ခံလူတန်းစားများ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီက ဖျာပုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား လိုက်လံစစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါ ဆန်ပြတ်လပ်မှုမရှိစေရေးနှင့်ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး လိုက်လံစစ်ဆေးရာ တွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများ၊ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနရုံးမှမြို့နယ်တာဝန်ခံဦးမင်းဇော်နှင့်ဝန်ထမ်းများ၊ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖျာပုံမြို့ နယ်အတွင်း ရောင်းချလျက်ရှိသော ဆန်အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန် စျေးနှုန်းဖြစ်သောဧည့်မထဆန်တစ်ပြည်(၃၀၀၀)ကျပ်နှုန်းနှင့်ပေါ်ဆန်းတစ်ပြည် (၅၀၀၀) ကျပ်နှုန်းဖြင့် အခြေ ခံ လူတန်းစားများ ဝယ်ယူနိုင်စေရေး ရောင်းချပေး
ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်စျေးနှုန်းတည်ငြိမ်မှု ရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံ)