သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်ရင်း ခရီးတစ် ထောက် ပလင်းကမ်းသာယာဆင်းစခန်းသို့ဝင်ရောက်နားနေလေ့လာနိုင်
ညောင်ဦး အောက်တိုဘာ ၇
သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ လေ့ လာရေး ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူးများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း လေ့လာရေးဘုရားဖူးလာရောက်ရင်း ညောင်ဦးမြို့နှင့်ငါးမိုင် ခန့်ကွာဝေးသည့် ညောင်ဦး- ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေး အနောက်ပုလင်းကျေး ရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း သို့ခရီးတစ် ထောက်ဝင်ရောက်နားနေပြီး ဆင်စခန်းဝင်းအတွင်းဝင်ရောက်လေ့လာနိုင်ကြောင်းသိရ သည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ် ငန်းကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းတွင် စွယ်စုံဆင်ထီး ၂ ကောင် ၊ဆင်မ ၄ ကောင်ထားရှိပြီး၊ ဆင်စခန်းမှသတ်မှတ်ထားချိန်များတွင် ဧရာဝတီမြစ်ကမ်း ဘေးတစ်လျှောက်ဆင်များစီး၍ ဧရာဝတီမြစ်အလှ သဘာဝကျကျခံစားကြည့်ရှုနိုင်ပြီး ၊ ဆင်များအား ဆင်စာဘူဘေးကျွေးမွေးနိုင်ခြင်း၊ ဆင်စာတစ်ဗန်းခြင်းဝယ်ယူ၍ကျွေးမွေး နိုင်ခြင်း၊ ဆင်စခန်းမှရောင်းချသော သန့်ရှင်းလတ်ဆတ်သည့် တရုတ်အစားအစာ၊ ဗမာ အစားအစာနှင့်အသုပ်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့်သဘာကော်ဖီကြိုက်နှစ်သက်သူ များ ကော်ဖီမှာယူကာ မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသည့် ခြေတံရှည် ထန်းရွက် မိုးတဲများပေါ်မှစိတ်အေးချမ်းသာစွာ အနားယူမှာယူစားသောက်နိုင်ကြောင်းသိရသည်။ ဆင်စခန်းဝင်းအတွင်း ဆင်များလေ့လာလိုသူ ဆင်ချစ်သူများ အဆင်ပြေစေရန် ဓာတ်ပုံ ရိုက်ကူးနိုင်သည့် နေရာများကိုလည်းဖန်တည်းပေးထားကြောင်း လေးညှင်းခံရှုမျှော်ခင်း တံတားပေါ်တွင် အလှဓာတ်ပုံ/ဗွီဒီယိုရိုက်ကူးတိုင်ရန် ငှက်တောင်ပံပုံ၊ TV ပုံ၊ အသဲပုံများ ဖန်တည်းပေးထားခြင်းနှင့် ဧရာဝတီမြစ်ကမ်းစပ်ဘောတွဲများပေါ်နှင့်မြစ်ကမ်းဘေးတို့ တွင်အလှဓာတ်ပုံရိုက်ကူးနိုင်ခြင်း၊ဆင်းများနှင့်အတူဓာတ်ပုံ ၊ဗွီဒီယိုရိုက်ကူးနိုင်ခြင်း၊ ဆင် စခန်းဝင်းအတွင်း ကလေးဥယျာဉ်အတွင်းတွင် ကလေးငယ်များဆော့ကစားနိုင်ရန် ဆီး ဆော၊ လျှောစင်၊ ဒါန်း၊ရဟတ်တို့ဖန်တည်းပေးထားခြင်းများဖြင့် ကလေးကစားကွင်း ဥယျာဉ်ကိုလည်း သစ်ပင်၊ပန်းအလှပင်တို့ဖြင့်ဖန်တည်းပေးထားကြောင်း ပလင်းကမ်းသာ ယာဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။ ပလင်းကမ်းသာယာဆင်စခန်းဝင်ကြေးအဖြစ် ပြည်ပနိုင်ငံသားတစ်ဦး ၁၀၀၀၀ ကျပ်၊ ပြည်တွင်းတစ်ဦး ၁၀၀၀ ကျပ်နှင့် ကလေး၊ ရဟန်း၊ သီလရှင်ဆရာကြီး/ဆရာလေး များအား ဆင်စခန်းဝင်ကြေးကင်းလွှတ်ခွင့်ပြုထားကာဆင်စီးခအဖြစ် ပြည်တွင်းဧည့် သည်တစ်ဦး ၅၀၀၀ ကျပ်၊ ပြည်ပနိုင်ငံသားတစ်ဦး ၁၀၀၀၀ ကျပ်နှင့် ရှစ်နှစ်အောက်က လေးငယ်များ မိဘနှင့်အတူအခမဲ့ဆင်စီးနိုင်ကြောင်းသိရသည်။ ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်းတွင် အဆင့်မှီဆင့်ပြတိုက်ဖွင့်လှစ်ထားရှိ ပြီး ဆင်ပြတိုက်ထဲတွင် ကမ္ဘာပေါ်မှာရှိသည့် အာရှဆင်နှင့်အာဖရိကဆင် ပြသထားပြီး အာရှဆင်များ ဦးနှောက်ဉာဏ်ရည်ဉာဏ်သွေးပြည့်မီကာ တန်ဖိုးကြီးမားကြောင်း၊ ခိုင်း စေ၍သင်ယူရလွယ်ကူကာ အာဖရိကဆင်များ သင်ယူခိုင်းစေ၍မရကြောင်း၊ အာရှဆင် များ အထီးများသာအစွယ်ပေါက်ကြပြီး ထူးခြားချက်အနေဖြင့် အင်အားအလွန်ကြီးမား သည့် ဟိုင်းဆင်များတွင်သာ အစွယ်မပေါက်ပဲ ညာဘက်၊ ဘယ်ဘက် တဘက်ထဲတွင် အစွယ်တချောင်းသာပေါက်သည့် ဆင်များကိုလည်း ဟန်၊တယ် နာမည်များပေးကြောင်း သိရသည်။ အာဖရိကဆင်များသည် အမရော ၊အထီးပါအစွယ်ပေါက်ကြပြီး နားရွက်အင် မတန်ကားပြီးကြီးကြောင်း အာရှဆင်နှင့်အာဖရိကဆင်ယှဉ်တွဲ၍ မြန်မာဦင်္ဂလိပ်နှစ်ဘာ သာဖြင့်ဖော်ပြထားသည်။ဆင်ပြတိုက်ထဲတွင် ဆင်တစ်ကောင်းလုံးအရိုးစုအစစ်ပြသထား ပြီး ၊ ဆင်စွယ်အခေါ်အဝေါ်များဖြစ်သည့် စွယ်တုတ်၊ သပိတ်ပိုက်၊ စွယ်ဝိုက်၊ စွယ်စိုက် ဆင်ထီးများဆင်စွယ်ထွက်ရှိပုံများကိုပြသပေးထားကာ ဆင်စီးပုခက်ခေါ်က၊ ဆင်ဦးစီး ၊ ဆင်ခေါင်း၊ ဆင်ပဲ့ချိတ်တို့၏ အဆင့်ဆင့်လုပ်ဆောင်ပုံများ၊ တောထဲဆင်ဝိုင်းများတွင် အလုပ်လုပ်ကြသည့် ဆင်ဝိုင်းပုံများကိုလည်းပုံစံငယ်တဲများဖြင့်လေ့လာနိုင်ရန်ပြသပေး ထားသည်။တောထဲတွင် ဆင်များနှင့်ဆင်ဦးစီးတို့အလုပ်လုပ်ကြပုံ၊ ဆင်ရေချ(ရေချိုးပုံ) နှင့် ဆင်သတ်မုဆိုးတို့၏ အန္တရာယ်အရှိဆုံး တိုင်းဒေသကြီး၊ပြည်နယ်များအား ဗွီဒီယိုဖြင့် ချိတ်ဆက်၍ ဆင်ပြတိုက်ထဲတွင်ပြသပေးထားသည်။ ဒါ့အပြင် ခေတ်အဆက်ဆက် ဆင် ဖြူတော်ပိုင်ဆိုင်ခဲ့သည့် မင်းများနှင့်ဆင်ဖြူတော်စီးရေ၊ယနေ့ခေတ်ဆင်ဖြူတော်များ ဖမ်းမိသည့် နယ်မြေနှင့် ဆင်အမွှာပူးလေးများမွေးခဲ့သည့် သစ်ထုတ်ရေးနယ်မြေများ၊ နှစ် ၈၀ ခန့်ရှိ ဆင်မှတ်ပုံတင်စာအုပ်တို့ကိုလည်းဆင်ပြတိုက်ထဲတွင် ဆင်ချစ်သူများလေ့လာ နိုင်အောင်ဖန်တည်းပေးထားသည်ကိုလေ့လာနိုင်မည်ဖြစ်သည်။ သီတင်းကျွတ် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်ရင်း ခရီးတစ်ထောက်နားနေရာအဖြစ် ပလင်းကမ်းသာယာဆင်စ ခန်းသို့ဝင်ရောက်လေ့လာနိုင်ကြောင်းရေးသားလိုက်ရသည်။ ဒီပါလင်း