ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော နုန်းများရှင်းလင်းနေမှု ကြည့်ရှု

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော နုန်းများရှင်းလင်းနေမှု ကြည့်ရှု

တာချီလိတ်  နိုဝင်ဘာ ၂၃

            ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းနှင့်ရေမြောင်းများတွင် တင်ကျန်ရစ်သော နုန်းများအား ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော် သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရပ်ကွက်အလိုက် ဆယ်ယူရှင်းလင်းဆောင်ရွက် နေမှုကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက လိုက်လံကြည့်ရှုသည်။

            ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့သည် ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် နုန်းများဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းကိုနှင့် မြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးရဲထွန်းတို့က ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်းတင်ပြသည်။

            ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် နုန်းဆယ်ယူရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျရှိစေရေး၊ လမ်းနယ်နှင့် ရေမြောင်း များအား ကျူးကျော်မှုမရှိစေရေး၊ လမ်းဘေးဈေးသည်များ လမ်းမကြီးများပေါ်သို့ ကျူးကျော်ရောင်းချမှု မရှိစေရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေးတို့အတွက် စည်းရုံးရေးနည်းလမ်းများဖြင့် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)