ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေမှုအား ကြည့်ရှု
ဟိုပုံး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီး ရှေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲ ရွှင်ပွဲများ၊ ရိုးရာမီးပဒေသာလှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ စိန်နားပန်မီးပျံနှင့် ညမီးကြီးမီးပုံး ပျံများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ်ဝေးဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက် လည်ပတ်လျက်ရှိသည်။
ပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲတော်ကို နိုဝင်ဘာ (၁၉)ရက်မှ နိုဝင်ဘာ၂၃ရက်ထိ မီးပုံးပျံငယ်၊ ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံများ၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများကို ဆောင်ရွက်ကြကြောင်းသိရ သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)