အားကစား

03 Jul 2017
 
 
အာဆင်နယ်အသင်းသည်  ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် လိုင်ယွန်အသင်းနှင့် သဘောတူညီမှုရရှိထားပြီး ကလပ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၄၄ သန်းဖြင့် သဘောတူညီထားခြင်းဖြစ်ကြောင်း သိရသည်။
 
03 Jul 2017
 
 
ပြင်သစ်ပထမတန်းပြိုင်ပွဲ၏ ငွေကြေးပုံ အောကာ သုံးစွဲနိုင်စွမ်းရှိသည့် ပီအက်စ်ဂျီ အသင်းသည် လီဗာပူးအသင်းမှ ဘရာဇီး ကွင်းလယ်ကစားသမား     ဖိလစ်ပီ ကော်တင်ဟိုအား ခေါ်ယူရန်ပစ်မှတ်ထား နေပြီး လီဗာပူးအသင်းကမူ ပီအက်စ်ဂျီ အသင်းအနေဖြင့်  ကော်တင်ဟိုအား ခေါ်ယူလိုပါက ပေါင် ၈၇ သန်း(ယူရိုသန်း ၁ဝဝ)သတ်မှတ်ထားကြောင်း သိရသည်။
 
03 Jul 2017
 
 
ဝက်စ်ဘရွန်းအသင်းသည် ဆောက်သမ်တန်အသင်းမှ တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်အား ပေါင် ၁၂ သန်းဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။  အသက်(၂၇)နှစ်အရွယ်ရှိ  တိုက်စစ်မှူး  ဂျေးရိုဒရီဂွက်ဇ်သည် ဆောက်သမ်တန်အသင်းတွင် ငါးနှစ်တာကစားခဲ့ရာ တွင် ဒဏ်ရာပြဿနာများသာ ကြုံခဲ့ရခြင်းကြောင့် ပွဲပေါင်း ၁၂၆ ပွဲတွင် ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
 
02 Jul 2017
 
 
နေပြည်တော် ဇူလိုင် ၂
 
တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ၏ အမျိုးသား/ အမျိုး သမီး (၃)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယ နေရာလုပွဲများကို ဇွန် ၃ဝ ရက် နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ယှဉ်ပြိုင် ကစားကြခဲ့ သည်။
 
02 Jul 2017
 
 
ရန်ကုန်  ဇူလိုင်  ၁
 
၂ဝ၁၇ ခုနှစ် အိုလံပစ်နေ့အထိမ်း အမှတ် ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇူလိုင် ၁ ရက် က မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲ ကို မြန်မာနိုင်ငံကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်နှင့် Nat Ray Wellness၊ Real Fitness၊ The Gym City Fitness Center၊ San  နှင့် My Gym တို့  ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။ 
 
01 Jul 2017
 
ယခုရက်ပိုင်းအတွင်း ပြောစရာသတင်းအနေအထားကို လေ့လာကြည့်သည့်အခါ ထားဝယ်မုန့်ကဲ့သို့ပင်လား၊ ဆင်းဒဝစ်ခ်ျခေါ် အသားညှပ်ပေါင်မုန့်ကဲ့သို့ပင်လားဟု စဉ်းစားနေမိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ရိုးရာ လက်ဝှေ့သတင်းနှစ်ခုအကြားတွင် မြန်မာနိုင်ငံ ကချင် ပြည်နယ်သား အောင်လအန်ဆန် MMA မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဖြစ်သွားသော သတင်းရှိနေ၍ဖြစ်သည်။
01 Jul 2017
 
 
မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာက မန်ယူအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီက ကစားပုံ မကောင်းခဲ့သော်လည်း ဖလားသုံးလုံးရရှိခဲ့သဖြင့် အောင်မြင်မှုမရှိဟုပြော၍ မရကြောင်း  တုံ့ပြန်လိုက်သည်။ 
 

Pages