အားကစား

06 Dec 2018
နေပြည်တော် ဒီဇင်ဘာ ၆
 
ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊  အား/ကာ ဦးစီးဌာနနှင့်    မြန်မာနိုင်ငံ    ဂေါက်သီးအဖွဲ့ချုပ်က  ကြီးမှူး၍   မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်   South East Asian Amateur Golf Championship 2018  (58 th Putra Cup)  ဂေါက်သီးရိုက်  ပြိုင်ပွဲကို ဒီဇင်ဘာ ၂ဝ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပ မည်ဖြစ်သည်။
 
05 Dec 2018
 
ဝက်စ်ဟမ်းအသင်းမှ မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် လာမည့်ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။တိုက်စစ်မှူးဟာနန်ဒက်ဇ်သည် စနေနေ့က နယူးကာ ဆယ်အသင်းကို ဝက်စ်ဟမ်းအသင်းက သုံး၃ိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်  တွင်ဝက်စ် ဟမ်းအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားခဲ့သူဖြစ်သည်။
05 Dec 2018
ပရီမီယာလိဂ်ကလပ် ဆောက်သမ်တန်အသင်းသည် နည်းပြ မာခ်ဟုဂ်ျကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် လိုက်ဇစ် အသင်းနည်းပြဟောင်း ဟက်ဆန် ဟွတ်တီဖြင့် အစားထိုးရန် ပစ်မှတ် ထားလျက်ရှိကြောင်း သိရသည်။
 
04 Dec 2018
 
ဆောက်သမ်တန်အသင်းသည် နည်းပြ မာခ်ဟုဂ်ျအား ရှစ်လကြာတာဝန်ယူကိုင်တွယ်စေခဲ့ပြီးနောက် အသင်း နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
 
ဆောက်သမ်တန်အသင်းသည် စနေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင်လည်း မန်ယူ အသင်းနှင့် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်သာထွက်ပေါ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၈ နေရာ တွင်ရပ် တည်လျက်ရှိသည့်အသင်းဖြစ်သည်။
04 Dec 2018
ဘာစီလိုနာအသင်းသည် စပိန်လာလီဂါပွဲစဉ် ၁၄ တွင် ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
 
ဘာစီလိုနာအသင်းသည် ဗီလာရီးယဲလ်အသင်းအား ခက်ခက်ခဲခဲကစားခဲ့ရပြီးပွဲကစားချိန် ၃၆ မိနစ်တွင် ရရှိခဲ့သည့် ပီကေး၏ သွင်းဂိုးနှင့် ၈၇ မိနစ်တွင် ရရှိခဲ့သည့်အယ်ကာဆာ၏ သွင်းဂိုးတို့ဖြင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
 
29 Nov 2018
 
ဘိုင်ယန်မြူးနစ်အသင်းနှင့်  ဘင်ဖီကာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွင် တိုက်စစ်မှူး လီဝန်ဒေါ စကီးသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် သွင်းဂိုး ၅၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
 
29 Nov 2018
 
ပြင်ဦးလွင် နိုဝင်ဘာ ၂၈
 
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ပူးပေါင်း၍  အင်းဝဘဏ်လီမိတက်က အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပဉ္စမပွဲစဉ် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။
 
23 Nov 2018
 
 
အီတလီစီးရီးအေကလပ် အင်တာမီလန်  အသင်းရဲ့    အားထားရသည့်ကစားသမား တစ်ဦးဖြစ်တဲ့   ဆကရီနီယာကို   ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းဟာ   မန်ယူအသင်းနဲ့ အပြိုင်ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
 

Pages