မှုခင်း

01 Jun 2019

 

နေပြည်တော် မေ ၃၁

 

မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေသွား ကားလမ်း  မိုင်တိုင်အမှတ် (၆၉/၇၀)အကြား  စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေမန်းရတနာ ခရီးသည်တင် မှန်လုံယာဉ်သည် ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် AA အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိပေါက်ကွဲခဲ့ရာ ယာဉ်အနည်းငယ်ပျက်စီးပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

11 May 2019

 

 

နေပြည်တော် မေ  ၁၀

 

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင် တစ်ဦးကို ယနေ့နံနက်ပိုင်းက ဆိုင်ကယ်တစ်စီး၊ လက်ပစ်ဗုံး တစ်လုံး၊ ဖုန်း နှစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

04 May 2019

 

နေပြည်တော်   မေ  ၄

 

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်၌ ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ တင်အုန်း(ခ)အိုက်အုံးထံမှ အလေးချိန် ၅၅ ကျပ်သားခန့်ရှိ   ရွှေချောင်း  ငါးချောင်းကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

01 May 2019

 

 

နေပြည်တော်    ဧပြီ    ၃၀

 

တပ်မတော်စစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက်တွင် ဧပြီ ၂၈ ရက်က AA အဖွဲ့၏ ယာယီလေ့ကျင့်ရေး စခန်းနေရာတစ်ခုအား တွေ့ရှိရှင်းလင်းခဲ့ရာ AA အဖွဲ့မှ အလောင်းများနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

12 Apr 2019

 

နေပြည်တော်   ဧပြီ   ၁၂

 

မြန်မာအမျိုးသမီးများအား  တရုတ်နိုင်ငံသားများ၏   ဇနီးမယားအဖြစ် ရောင်းစားနေသည့် တရုတ်ပွဲစားများအား ဧပြီ ၁၁ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး အမှတ်(၈) မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

01 Apr 2019

 

နေပြည်တော် မတ်  ၃၁

AA အဖွဲ့က သတင်းအမှားများ ထုတ်လွှင့်နေမှုနှင့် ပတ်သက်၍  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင်  သတင်းတစ်ရပ်ထုတ်ပြန်ထား ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် နယ်မြေခံပြည်သူလူထု၏ လုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးကို   တာဝန်ထမ်းဆောင်နေသည့်   ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိ၊ ခထီးလှရဲစခန်းများအား AA

Pages