နိုင်ငံတကာသတင်း

12 Mar 2020
ဝါရှင်တန် မတ် ၁၂
 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ်   ဗြိတိန်အပါအဝင် ဥရောပတိုက်မှ အမေရိကန်နိုင်ငံသို့ ခရီး သွားလာမှု အားလုံးကို ရက် ၃၀ ကြာ ဆိုင်းငံ့ လိုက်ကြောင်း  အမေရိကန်သမ္မတ    ဒေါ်နယ် ထရမ့်က ပြောကြားသည်။
 
12 Mar 2020
မက်ဒရစ်   မတ်   ၁၂
 
စပိန် နိုင်ငံ၏ တန်းတူညီမျှရေးဝန်ကြီးတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု စမ်းသပ်တွေ့ရှိရ သဖြင့် ဝန်ကြီးသည် ၎င်း၏ခင်ပွန်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်နှင့် ပိုဒီမို့စ်(Podemos) ပါတီ၏ အကြီးအကဲ ပါဘလို အီဂလဲဆီးယပ်စ်နှင့်အတူ သီးခြားခွဲခြားစောင့်ကြည့်မှု ခံယူနေရကြောင်း ကြာသပတေးနေ့ က ထုတ်ပြန်သည့် အစိုးရကြေညာချက်တွင် ဖော်ပြသည်။ 
 
12 Mar 2020
ဂျီနီဗာ   မတ်   ၁၂ 
 
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုသည် နေ့စဉ်   ပိုမို များပြားလာသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
 
11 Mar 2020
လန်ဒန်     မတ်     ၁၁ 
 
ဗြိတိန် အငယ်တန်းကျန်းမာရေးဝန်ကြီး နာဒိုင်ဒေါ်ရစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထား ရသည်ကို ယနေ့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။  ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အငယ်တန်းကျန်းမာရေးဝန်ကြီး နာဒိုင်ဒေါ်ရစ်အား သီးခြားစောင့်ကြည့်လျက်ရှိသည်။ 
11 Mar 2020
ဂျကာတာ    မတ်    ၁၁
 
COVID-19 ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ ပထမဦးဆုံး သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း   အင်ဒိုနီးရှားအစိုးရက ယနေ့ကြေညာသည်။
ရောဂါအခံရှိသူဖြစ်
 
11 Mar 2020
ဝါရှင်တန်   မတ်    ၁၁
 
အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် အကြို ရွေးကောက်ပွဲတွင်    အဓိကပြိုင်ဘက်   ဘာနီဆန်းဒါးကို အနိုင်ရခဲ့ပြီးနောက်     နိုဝင်ဘာလတွင်    ကျင်းပမည့် ရွေးကောက်ပွဲတွင်    လက်ရှိသမ္မတ    ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။  
 
09 Mar 2020
တိုကျို    မတ်   ၉
 
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်ရေးအတွက် ဂျပန်နိုင်ငံ အနေဖြင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ခရီးသည် ဝင်ရောက်မှုနှင့်စပ်လျဉ်းပြီး  ကန့်သတ်ချက်များချမှတ်ခဲ့ သည်။  ၎င်းနှစ်နိုင်ငံမှ ဝင်ရောက်လာသော လေယာဉ်များ အနေဖြင့်    တိုကျိုနှင့်   အိုဆာကာမြို့များရှိ   လေဆိပ် များတွင်သာ ဆင်းသက်ခွင့်ရမည်ဖြစ်သည်။ 
 

Pages