COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၆-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်   ကမ္ဘာ့နိုင်ငံ   (၈၅)နိုင်ငံတွင်   ကူးစက်ပျံ့နှံ့လျက်ရှိသည့်   COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ  ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း များဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
 
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
 
(က) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သော  အသက် (၃၅)နှစ်အရွယ်  အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ၊   ဘန်ကောက်မြို့မှ   (၃-၃-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး   (၅-၃-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားနေရကြောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သတင်း ပေးပို့ခဲ့သဖြင့် ၎င်းနေ့တွင်ပင် နေပြည်တော်၊ ခုတင်(၁,၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့  ပေးပို့စစ်ဆေးရန်  စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ 
 
(ခ) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင်နေထိုင်သော အသက် (၃၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၁၅)နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး လေဆိပ်ကျန်းမာရေးဌာနတွင် တာဝန်ကျကျန်းမာရေးဝန်ထမ်း များမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများခံစားခဲ့ရကြောင်း   တွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့   ညွှန်းပို့ခဲ့ပါသည်။   ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေး လျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ၎င်း၌ လတ်တလော  ပြင်းထန်အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
 
(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သော အသက် (၁၄) နှစ်အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ မောပန်းခြင်း ရောဂါလက္ခဏာများဖြင့် (၄-၃-၂၀၂၀) ရက်နေ့ တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ လူနာမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့ သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့   ပေးပို့စစ်ဆေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
 
(ဃ)