လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး Online Meeting ဖြင့် ကျင်းပ

 

နေပြည်တော် မေ ၂၈

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဝန်ကြီးဌာနများမှ လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး နိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက် (မြန်မာ/ အင်္ဂလိပ်) အား ရေးဆွဲခဲ့ပြီးနောက် လုပ်ငန်းစီမံချက် ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကာကွယ်တားဆီးရေး လုပ်ငန်း ကော်မတီနှင့် CTFMR တို့ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်များနှင့် အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ဆွေးနွေးပွဲတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများ မှ ကာကွယ်တားဆီးရေး အသိပညာ ပေးလုပ်ငန်းများကို UNICEF နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် UNICEF တို့ လက်မှတ်ရေးထိုးထားသည့် Multi-Year Work Plan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရန်၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီနှင့် CTFMR တို့ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်တွင် တွေ့ဆုံဆွေးနွေး သွားရန် ဆုံးဖြတ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ (၂၀၀၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် များအရ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ် များအား သေကျေ ထိခိုက်ဒဏ်ရာ ရစေခြင်း၊ အရွယ်မရောက်သေးသူ များအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့် ဆေးရုံ များအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲ ခြင်းနှင့် ကလေးသူငယ်များအား လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ပိတ်ပင် ခြင်းတို့မှ ကာကွယ်တားဆီးရန် အတွက် “လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်