ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ အရန်ဆန်ပေးသွင်းခြင်း၊ လက်ခံခြင်းနှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာ   ကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 
 
နေပြည်တော် မေ ၂၇
 
 
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဆန်ပြည်ပတင်ပို့ သည့် ကုမ္ပဏီများမှ အရန်ဆန် ပေးသွင်းခြင်း၊ လက်ခံခြင်းနှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာ ကိစ္စရပ် များနှင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံ တစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုး မဖြစ်စေဘဲ စျေးကွက်အသစ်များ ရရှိ ရေးစီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ အခြေအနေ ကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပြင် ပြည်တွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန်စပါးသည် မြန်မာ နိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့် အပြင် လယ်ယာထွက်ကုန် ပြည်ပ တင်ပို့မှု မြှင့်တင်ရေးတွင်လည်း အလေးထား ဆောင်ရွက်ရမည့် လယ်ယာထွက်ကုန် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသော ဆန်စပါး များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက်လည်း တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ မကြာမီကျရောက်တော့မည့် စိုက်ပျိုးရာသီတွင် ဆန်စပါးအပါအဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ပိုမို စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကို လည်း မထိခိုက်စေဘဲ စီးပွားရေး လုပ်ငန်းများကို တတ်နိုင်သမျှ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာမှာ ကုန်သွယ်မှုလမ်းကြောင်း များ ဖွင့်လှစ်ထားပါက ကုန်သွယ်မှုနှင့် ပတ်သက်သည့် အကန့်အသတ်များ ကို မည်သို့ဖြေရှင်းဆောင်ရွက်မည်ကို စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်းနှင့် Post COVID-19 ကာလများမှာလည်း မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာ တွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချ ခြင်းမျိုးမဖြစ်စေဘဲ ဈေးကွက်သစ် များရရှိရေး စီမံဆောင်ရွက်ရန်လိုပါ ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန် တင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဆန် ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ အရန်ဆန်ပေးသွင်းခြင်း၊ လက်ခံခြင်း နှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေး စေလိုသည့် ကိစ္စရပ်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြ သူများမှ ကိုဗစ်-၁၉ ကာလအတွင်း အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါ က အရေးပေါ်ရိက္ခာဆန် ဝယ်ယူထားရှိ မှုအခြေအနေ၊ ပြည်ပဆန်တင်ပို့မှုမှ ၁၀ ရာခိုင်နှုန်းကို အရေးပေါ်ရိက္ခာ ပေးသွင်းမှုအခြေအနေ၊ အရေးပေါ် ရိက္ခာဆန် ဆက်လက်ဝယ်ယူမှုအခြေ အနေ၊ အရေးပေါ်ရိက္ခာဆန်ဝယ်ယူမှုကြောင့် တောင်သူများအတွက် အကျိုး ရှိပြီး နိုင်ငံတော်အတွက်လည်း အကျိုး ရှိမှုအခြေအနေများသာမက ပြည်တွင်း ၌ လက်ရှိကာလတွင် ဆန်လုံလောက်မှု ရှိသည့် အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း နှင့် ပြည်ပသို့ ဆန်တင်ပို့သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
 
သတင်းစဉ်